/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Samsung Galaxy J5 SM-J500H Android Version 5.1.1 ကိုမြန်မာအမှန်ထည့်နည်း 100%

Wednesday, February 24, 2016

Samsung Galaxy J5 SM-J500H Android Version 5.1.1 ကိုမြန်မာအမှန်ထည့်နည်း 100%



Samsung Galaxy J5 SM-J500H ဖုန်းအတွက် 
Android Version 5.1.1 ကိုမြန်မာအမှန်ထည့်နည်း ကိုတင်ပေးလိုက်ပါတယ်။
100% နှုန်းပါ ကျနော်ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်ပါတယ်။

ဖုန်းကို တော့ Root လုပ်ထားရပါမယ်၊ Root လည်းပေါက်နေပြီ မြန်မာစာက 
Facebook/Viber/Messager/Whatsapp/Youtube စသည်တို့မှာ ၀ိုင်းစက်နေအောင် 
မှန်နေပေမယ့်လည်း Internet Browser မှာဆိုရင်တော့ မြန်မာစာ မမှန်သေးတဲ့ သူများအတွက်
ဒီနည်းလမ်းအတိုင်း လုပ်ကြည့်စေချင်ပါတယ် 100% မှန်သွားမှာဖြစ်ပါတယ်။

ဒီဖုန်းကို ကိုမြန်မာအမှန်ထည့်သွင်းချင်တယ်ဆိုရင်တော့
ဖုန်းမှာ Root access & TWRP Recovery ထည့်သွင်းရပါမယ်။

ဒီအတွက် J5 SM-J500H ဖုန်း Version 5.1.1 အတွက်
Root လုပ်နည်းကို အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ




ပြီးရင် ဒီ  J5 SM-J500H ဖုန်းအတွက်ပဲ TWRP Recovery
ထည့်သွင်းနည်းကို အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။



အထက်ဖေါ်ပြပါ Galaxy J5 SM-J500H ဖုန်းတစ်လုံးအတွက်
လိုအပ်မယ့် Root access နဲ့ TWRP များထည့်သွင်းပြီးရင်တော့
မြန်မာ 100% နှုန်းမှန်အောင်ထည့်နည်းကို ဆက်လေ့လာလိုက်ပါ


မြန်မာစာအမှန်ထည့်နည်း
==============
အားလုံးသိပြီးဖြစ်တဲ့ Lollipop ဗားရှင်းတွေအတွက် မြန်မာစာမှန်ရန်
အောက်ပါလုပ်ဆောင်ချက်များကို အတိအကျလုပ်ပေးရမှာဖြစ်ပါတယ်။


ကီးဘုတ်ထည့်သွင်းရန်
=============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် FrozenKeyboard apk ကို
ထည့်ပြီးအသုံးပြုနိုင်သလို မိမိကြိုက်နှစ်သက်ရာကို ထည့်သွင်းနိုင်ပါတယ်။


Zawgyi Font အတွက် အမှန်ထည့်ရန်
=====================
ဖုန်းမှာ Root access ရရှိပြီးထားသော်ငြားလည်း
သမားရိုးကျအတိုင်း ပြုလုပ်ခဲ့ရင်တော့ Internet Browser မှ
100% မှန်ကန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

Root access ရရှိပြီးထားပြီးသား ဖုန်းတစ်လုံးကို အောက်ပါ ဖောင့်အတွက်
 ifont & Zawyi One apk ရိုးရိုးလေးကို ထည့်သွင်းပြီး iFont ကနေ
 Zawyi One apk လေးကို ထည့်သွင်းပေးလိုက်ရုံဖြင့် မြန်မာစာမမှန်သေးပါ။


ဒီတော့ TotalSolution 3.0 ZawgyiBase zip ဖိုင်ကို
SD Card သို့ကူးထည့်ပေးပြီး Recovery Mode ကနေ
အလွယ်တကူ Flash ပေးလိုက်ရင် 100% နှုန်းသေချာပါတယ်။


FrozenKeyboard ထည့်သွင်းနည်း
==================
ဖုန်းမှာ Unknown Source ကိုအမှန်ခြင်းပေးထားပါ
Wifi & Mobile Data များကိုအသုံးပြုပြီး ကီးဘုတ်ကို
Play Store ပေါ်မှတိုက်ရိုက် Install ပြုလုပ်ရယူပါ

ကီးဘုတ်ကို ထည့်သွင်းပြီးသွားတဲ့အခါ Setting>>
Language and input>>Add Keyboard>>Frozen Keyboard Zawgyi>>
Frozen Keyboard >>Default>>Frozen Zawgyi ကိုပြောင်းပေးလိုက်ပါ။





ZawGyi Font ထည့်သွင်းနည်း
=================
ZawGyi 3.0 Beta2 ဖိုင်ကို ဒေါင်းလော့ရယူပြီး ဖုန်းရဲ့ SD Card သို့
Copy ကူးထည့်လိုက်ပါ၊ ပြီးရင် Reocvery Mode သို့ဝင်ပေးရပါမည်။

ပါဝါကိုပိတ်၊ Power + Vol Up + Home Key များကိုတွဲနှိပ်ထားပါ။

Recovery Mode တွင် SD Card တွင်ရှိသော ZawGyi 3.0 Beta2.zip ဖိုင်ကို Flash ပေးလိုက်ပါ၊
 ပြီးရင် ခနစောင့်နေလိုက်ပြီး အားလုံးပြီးသွားတဲ့အခါဖုန်းကို Reboot ချပေးလိုက်ပါ၊
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ မြန်မာစာ အမှန်မြင်နေရပါလိမ့်မယ်၊

 Facebook/Viber/Messager/ Whatsapp/Youtube များမှာလည်း မှန်နေသလို
 Internet Browser မှာလည်း 100% နှုန်းဖြင့် မှန်ကန်နေပါလိမ့်မယ်။



1 comment :