/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Odin Flash Tool တွင် Has Stopped Working Error ကိုဖြေရှင်းနည်း

Saturday, February 6, 2016

Odin Flash Tool တွင် Has Stopped Working Error ကိုဖြေရှင်းနည်း



Odin Flash Tool တွင် Has Stopped Working Error ကိုဖြေရှင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Samsung Device တိုင်းအတွက် အရေးအကြီးဆုံး လို့ပြောလို့ရတဲ့
Odin Tool ဟာ Samsung စမတ်ဖုန်းတွေရဲ့ အသက်သွေးကြောကြီးဖြစ်မယ်ထင်ပါတယ်။


ဖုန်းကလစ်သူများနဲ့ ဖုန်း Service သမားတိုင်း Samsung Device များကိုကောက်ကိုင်တော့မယ်
ဆိုရင်တော့ Odin ကိုအသုံးပြုရမယ့် ပမာဏ သည် 85% ထက်ကျော်မယ်ထင်ပါတယ်။

ဒီလောက် အရေးပါအရာရောက်နေတဲ့ Tool က အသုံးပြုနေရင်းကနေ
Odin  Has Stopped Working ဆိုပြီး မထင်မှတ်ပဲ Error များတက်လာခဲ့လျှင်တော့
အောက်ပါဖြေရှင်းနည်းကို တစ်ခေါက်လောက်သာ လေ့လာထားကြည့်လိုက်ပါ

တကယ်လို့ ပြသနာမျိုးတက်လာခဲ့သည်ရှိသော် မိမိကိုယ်တိုင် အလွယ်တကူ
ဖြေရှင်းတတ်နိုင်အောင်လို့ ဒီပိုစ့်လေးကို ရေးပေးလိုက်ခြင်းဖြစ်ပါတယ်။

ဖြေရှင်းနည်း
=========
မိမိကွန်ပျူတာရဲ့ Operating System ကိုစစ်ဆေးကြည့်ရပါမယ် ဒီအတွက် 
Computer icon ကို Right Click တစ်ချက်ထောက်ပြီးProperties ကိုဝင်ကြည့်လိုက်ပါ
 အောက်ပါပုံအတိုင်း System Option ရဲ့အောက်မှာ System Type: နေရာမှာ
 32-bit Operating System ဆိုလို့ရေးထားပါတယ်၊ အခုလက်ရှိ 
ကျနော်အသုံးပြုနေတဲ့ Windows ဖြစ်ပါတယ်။


ဒီလိုပဲ  System Type: နေရာမှာ 64-bit Operating System လို့မြင်နေရရင်တော့
အဲဒီ Windows ဟာ 64-bit ဆိုတာကို အကြမ်းဖြင့်မှတ်ထားရပါမယ်။

တကယ်လို့ မိမိကွန်ပျူတာက 32-bit system ဆိုရင်တော့ 
Microsoft Visual C++ 2008 Redistributable Package ကိုကွန်ပျူတာမှာ
install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်၊ မရှိသေးရင်တော့ အောက်ကလင့်မှာရယူပါ။


တကယ်လို့ မိမိကွန်ပျူတာက 64-bit system ဖြစ်နေရင်တော့
အောက်ပါဖိုင်ကို ဒေါင်းလော့ရယူပြီး ကွန်ပျူတာမှာ install ပြုလုပ်ပါ။


ဒေါင်းလော့ရယူပြီးရင် ကွန်ပျူတာမှာ Install ပြုလုပ်လိုက်ပါ ဒီအတွက် 
အခက်ကြီးမဟုတ်ပါ Double-click တစ်ချက်ထောက်ပြီး Run ပေးလိုက်ရုံပါပဲ။

သက်ဆိုင်ရာ ကွန်ပျူတာများအတွက် System Package ကို Install ပြုလုပ်ပြီးတဲ့အခါ
ကွန်ပျူတာကို Restart ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ Odin နဲ့ပတ်သက်တဲ့
has Stopped Working Error ဆိုတဲ့ ပြသနာလေးရှင်းသွားပါလိမ့်မယ်။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


No comments :

Post a Comment