/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: မိုဘိုင်းဖုန်း Hardware ပိုင်းနဲ့ပတ်သတ်ပြီး ဆင်းကဒ်တွေ အလုပ်လုပ်ပုံ

Sunday, January 10, 2016

မိုဘိုင်းဖုန်း Hardware ပိုင်းနဲ့ပတ်သတ်ပြီး ဆင်းကဒ်တွေ အလုပ်လုပ်ပုံ


 
10:08 PM
မန္တလေး နဲ့ ရန်ကုန်မြို့တို့မှာဖွင့်လှစ်ထားတဲ့ MMAS မိုဘိုင်းဖုန်းပြုပြင်သင်တန်းသို့တက်ရောက်လိုသူများအတွက်
မိုဘိုင်းဖုန်း Hardware ပိုင်းနဲ့ပတ်သတ်ပြီး ဆင်းကဒ်တွေ အလုပ်လုပ်ပုံကိုမျှဝေလိုက်ပါတယ်
ဆင်းကဒ်တွေမှာ ငုတ်ပင်လေးတွေ ၆ခုရှိပါတယ် အဲ့ထဲမှာ အလုပ်လုပ်တဲ့ပင်က ငါးခုသာရှိပါတယ်။



အဲ့ထဲက တစ်ခုက အဆက်အသွယ် လုံးဝမရှိပါ
အဲ့ငါးခုက ဘယ်လို အလုပ်လုပ်လည်းဆိုတာက တော့

(၁) SIM DATA (အဲ့လမ်းကြောင်းလေးကတော့ ဆင်းကဒ်ထဲသိမ်းဆည်းနိုင်တဲ့
မန်မိုရီ လမ်းကြောင်းလေးဖြစ်ပါတယ်)

(၂) SIM Clock (ဒီလမ်းကြောင်းလေးကတော့ နာရီတစ်လုံးလိုပဲ အချိန်နဲ့တပြေးညီ ဒေတာတွေ
ကိုလက်ခံတာပဲဖြစ်ဖြစ် ပို့လိုက်တာပဲဖြစ်ဖြစ် ပြပေးတဲ့လမ်းကြောင်းတစ်ခု ဖြစ်တယ်)
 ဥပမာ-massage ပို့လိုက်တဲ့အခါ လက်ခံရရှိတဲ့ဖုန်းတွင် ချက်ချင်းအချိန်နဲ့တပြေးညီရရှိသလိုမျိုးပေါ့....

(၃)SIM RESET(ဒီလမ်းကြောင်းကတော့ frequency signal တွေကို အချိန်နဲ့ တပြေးညီလုပ်ဆောင်ချက်တွေကို
အစကနေ အသစ်ပြန်စ စေတဲ့ reset ချပေးတဲ့ ခလုပ်တစ်ခုလိုပါပဲ )

(၄) VSIM (ဆင်းကဒ်ကို အလုပ်လုပ်ဖို့အတွက် ဗို့ ပေးသွင်းတဲ့ 'B+'လမ်းကြောင်းလေးတစ်ခုပါ)

(၅) SIM GROUND ( ground ချထားတဲ့လမ်းကြောင်းလေးပါ တစ်နည်းအားဖြင့် '-'လမ်းကြောင်းပေါ့ )

(၆)NC (not connect အဆက်အသွယ်မရှိတဲ့ လမ်းကြောင်း ပေါ့
အဲ့တော့ ကျွန်တော်တို့ က ဆင်းကဒ်မသိတဲ့ ဖုန်းတွေပြင်မယ့်အခါဆိုရင် VSIM လမ်းကြောင်းမှာ ဗို့ရောက်ရဲ့လား ဆိုတာ စစ်ရပါမယ် မရောက်ဘူး ဆိုရင် အဲ့လမ်းကြောင်းကို လိုက်ရပါမယ် အဖြစ်အများဆုံးက အဲ့လမ်းကြောင်းလေးပါ .....

တစ်ချို့ ရေဝင်ထားတဲ့ ဖုန်းတွေမှာဆို SIM Connector ဘေးက EMI FILTER လေးလဲလိုက်ရင်ကောင်းသွားတာများပါတယ်

EMI FILTER ဆိုတဲ့ SIM Connector မှာရှိတဲ့ လမ်းကြောင်းတွေအားလုံး
က EMI FILTER ကိုဖြတ်ပြီးမှ ပါဝါအိုင်စီနဲ့ CPU ကိုသွားတာပါ အမှားပါရင်လည်း
စေတနာ အမှားလို့ ပဲ လက်ခံပေးပါ။

ရေးသားသူ- သားကြီး (MMAS)
----------------------------

MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (မန္တလေးမြို့)
ဖုန်း- ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈

MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ရန်ကုန်မြို့)
ဖုန်း- ၀၉၂၅၉၂၆၉၂၈၉ ၊ ၀၉ ၇၉၀၁၃၉၁၄၆

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments :

Post a Comment