/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: မိမိ Facebook အကောက်ကို လုံခြုံရေးမြှင့်တင်နိုင်ဖို့ Facebook ID Card ပြုလုပ်နည်း

Sunday, January 24, 2016

မိမိ Facebook အကောက်ကို လုံခြုံရေးမြှင့်တင်နိုင်ဖို့ Facebook ID Card ပြုလုပ်နည်း


 
11:56 PM

ဒီနေ့ Facebook Security နဲ့ပတ်သက်လို့ ပိုစ့်လေးတစ်ခုရေးဖြစ်သွားတယ်
အားလုံးလည်းလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်၊

အရင် ပိုစ့်အဟောင်းကို ပြန်လည် Edit ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်
မိမိ Facebook အကောက်ကို လုံခြုံရေးမြှင့်တင်နိုင်ဖို့ အတွက် မိမိမှာ
Facebook ID Card ပြုတစ်ခုပြုလုပ်ထားသင့်ပါတယ်။

မိမိအတွက် တန်းဖိုးရှိတဲ့ အကောက်လေး အကြောင်းအမျိုးမျိုးကြောင့်
ပျက်စီးဆုံးရှုံးသွားခဲ့ရင် ပြန်လည် Recovery ပြုလုပ်နိုင်အောင်ပေါ့

အခုနောက်ပိုင်း fb security ရဲ့ အရေးကြီးဆုံး နဲ့ အဓိအကျဆုံးက confirm indentity
policy ဖြစ်လာပါတယ်၊ ဒီတော့ User တစ်ယောက်အနေဖြင့် Facebook ရဲ့
ချမှတ်ထားတဲ့ Policy ကိုလိုက်နာပြီး မိမိအကျိုးအတွက် အသုံးပြုနေခဲ့ရင်တော့
ဘာပြစ်ချက်မှမရှိတော့ဘူးပေါ့၊

တကယ်လို့ မိမိ Facebook အကောက်လေး lock ကျနေခဲ့ရင် Photo ဖြင့်
Lock ဖြေယူတာမျိုး attacker တွေရဲ့ရန်မှ ပြန်လည် ရယူလိုတဲ့အခါပဲဖြစ်ဖြစ်
Verify ဖြစ်ထားပြီး Facebook ID Card လေးရှိနေခဲ့ရင်တော့
ပြန်လည် မျှော်လင့်ချက်ရှိပါသေးတယ်။

ဒီနေရာမှာ Facebook ID Card ဆိုတာ မိမိအကောက်သစ် တစ်ခုကို
 Register တင်တုန်းက နာမည် မွေးနေ့ ဓာတ်ပုံ တွဲရက်ပါတဲ့ ကဒ်တစ်ခုဖြစ်ပါတယ်။

Term of policy ကို လိုက်နာကျင့်သုံးခဲ့ရင်တော့ သူတို့ရဲ့အကာအကွယ်ကို
မျှော်လင့်နိုင်တာပေါ့ အကြောင်းသင့်လာရင် Request အမြဲတမ်းပြုလုပ်တိုင်တာပေါ့

Facebook အတွက် Security ပိုင်းကိုလေ့လာဖြစ်တယ်ဆိုရင်တော့
Facebook ID Card ပြုလုပ်နည်းကိုလည်း ချန်ထားခဲ့လို့ဖြစ်မယ်မထင်ပါ

Facebook ရဲ့ Rule of law ကိုမလိုက်နာပဲ ချိုးဖောက်ခဲ့ရင်တော့ Facebook က
ပထမတစ်ခေါက် သတိပေးပါသေးတယ်၊ အဲဒါကိုလည်းသတိမထားမိဘူးဆိုရင်
အကောက်ကို Disable ပြုလုပ်တာမျိုး အပီးသတ် Remove ပြုလုပ်လိုက်တာမျိုး
ကြုံဖူးကြမှာပါ တကယ်လို့ မိမိ Gmail & Password ကိုထည့်လိုက်ပြီး
 log in ပြန်ဝင်လိုက်တဲ့အခါ မင်းကို ငါတို့က ဘာကြောင့် ဒီလိုလုပ်လိုက်ရတာ
ဖြစ်တယ် ဒီတော့ မင်းအကောက်ကိုပြန်လိုချင်တယ်ဆိုရင်တော့ မင်းရဲ့
Facebook ID Card ပြုလုပ်ထားပြီးသားရှိနေရင်တော့ မင်းရဲ့ ID ကိုထည့်ပြီး
ပြန်လည်ရယူနိုင်ကြောင်း Security request ကိုထိပ်တိုက်တွေ့ကြရမှာပဲဖြစ်ပါတယ်။

ဒီတော့ မိမိမှာ အရန်အသင့် ID လေးမပြုလုပ်ထားဘူးဆိုရင်တော့ Lock ဖြစ်နေတဲ့
Facebook အကောက်လေးကို မြင်သာနေရတယ် ပြန်လိုချင်ပေမယ့်
 Unlock မပြုလုပ်နိုင်တဲ့အတွက် (ပြုလုပ်စရာလည်း) Recovery ဆိုင်ရာ
 ပြင်ဆင်ထားမှု မရှိတဲ့အတွက် တန်ဖိုးရှိတဲ့ အကောက်လေးကို
ထာဝရ ကျော့ခိုင်းပေးရမယ့် အနေထားမျိုးဖြစ်တတ်ပါတယ်။

အပန်းမကြီးပဲ ခနလေးနဲ့ ပြုလုပ်နိုင်မယ့် Facebook ရဲ့ ID Card လေးကို သတိရတုန်း
ပြုလုပ်ထားသင့်တာပေါ့ ဒီလိုပြုလုပ်ထားဖြင့် မိမိအကောက်ကို ကြိုတင်
 ကာကွယ်ထားလို့ရတာပေါ့ ဒီတော့ မိမိအတွက် Facebook ID Card လေး
မပြုလုပ်ရသေးဘူးဆိုရင်စက္ကန့်ပိုင်းအတွက် ချက်ချင်းပြုလုပ်နိုင်မယ့်
နည်းလမ်းလေးကို အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။

 Facebook ID Card ပြုလုပ်နည်း
====================
ကဲအခုလောက်ဆိုရင် သင့်အတွက် တန်ဖိုးထားရဲ့ မိမိ Facebook account လေးကို
တန်ဖိုးထားရမှန်း လုံခြုံမှုပိုပြီး မြင့်မားနေအောင် ပြီးတော့ Facebook ရဲ့ Policy ကို
လိုက်နာသောအားဖြင့် နေ့စဉ်အသုံးပြုနေရင်း အပန်းမကြီးဘူးဆိုရင်တော့
မိမိအတွက် Facebook ID Card လေးပြုလုပ်ထားသင့်ပါတယ်။

အခက်ကြီးမဟုတ်ပါ အလွယ်ကူဆုံးနည်းကိုကျနော်ပြပေးသွားမှာဖြစ်ပါတယ်
ဒါပေမယ့် အခုဖေါ်ပြပါနည်းစနစ်ကို ကျနော် ကွန်ပျူတာကနေလုပ်ပြပေးထားတာပါ

လိုအပ်ချက်အနေဖြင့်တော့ မိမိ Facebook အကောက်ကို log in ၀င်ထားပါ
ID Card ပြုလုပ်တဲ့အခါ ထပ်ပြီး log in ၀င်စရာမလိုအောင်ပေါ့

လိုင်းကောင်းနေရင် ပိုအဆင်ပြေပါတယ်၊ အားလုံးအဆင်ပြေတယ်ဆိုရင်တော့
အောက်ပါ Web ကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ပါ

facebook ID card creator သို့ဝင်ပါ

အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ မိမိအတွက်Facebook ID Card ပြုလုပ်ရန်အတွက်
 Generate ID ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ ခနစောင့်နေလိုက်ပါ။


အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ မိမိအတွက် Profile နေရာတွင်
မွေးနေ့ မွေးရက် နဲ့အခြားသော info များကိုပြည့်အစုံကိုဖြည့်စွက်မထားသေဘူး
သို့ ထပ်ပြီး ဖြည့်စွက်ချင်သေးတယ်ဆိုရင်တော့ Edit the info you provide ဆိုတဲ့
နေရာကို တစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ နေရာမှာ မိမိအကောက်နဲ့ပတ်သက်တဲ့
Info ကိုအပြည့်အစုံဖြည့်ပေးလိုက်ပါ၊ အားလုံးပြည့်စုံဆိုရင်တော့ Okay ကိုနှိပ်လိုက်ပါ။


Okay နှိပ်လိုက်ပြီးရင်တော့ အောက်ပါပုံအတိုင်း
Facebook ရဲ့ CEO ကြီး Mrk Zuckerberg ရဲ့လက်မှတ်နဲ့
မိမိ Facebook ID Card ကိုမြင်နေရပါလိမ့်မယ်။


ID : နေရာမှ ဂဏန်းတွေကိုမှတ်ထားပါ၊ မိမိ Facebook ID Card ကို
သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ Download ဆိုတာကိုနှိပ်လိုက်ပါ
ပြီးရင် ကွန်ပျူတာမှာ သိမ်းဆည်းထားချင်တဲ့နေရာကို ညွှန်ပေးလိုက်ပြီး
ဒေါင်းလော့ရယူလိုက်ပါ fb security ရဲ့ အရေးကြီးဆုံးနဲ့ အဓိအကျဆုံးကို
Comfirm ပြုလုပ်ပြီးပြီဆိုရင်တော့ အရေးကြုံလာရင်ပြန်လည်
 Recovery ပြုလုပ်ယူနိုင်မှာဖြစ်ပါတယ်။

မှတ်ချက်-ဒီပိုစ့်သည် တစ်ဦးနဲ့တစ်ဦး အချင်းချင်း
တိုက်ခိုက်ဖျက်ဆီးစေလိုတဲ့ စိတ်ကြောင့်ရေးလိုက်ခြင်းမဟုတ်ပါ

မိမိအတွက် လိုအပ်နေတဲ့ ခြံစည်းရိုးလေးကို အရံအသင့်ကာရံထားတတ်အောင်
သက်သက်အတွက်သာ မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments :

Post a Comment