/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: သင့်ရဲ့ Facebook Account ဟက်ခံရပါက ပြန်လည်ရယူနည်း

Sunday, November 15, 2015

သင့်ရဲ့ Facebook Account ဟက်ခံရပါက ပြန်လည်ရယူနည်း




 http://38.media.tumblr.com/tumblr_lr2653aWLv1qclfey.jpg

ယနေ့ ခေတ်တွင် Facebook ကို အသုံးပြုသူ များပြား လာသည်နှင့်အမျှ ဆိုက်ဘာ တိုက်ခိုက်မှုများ မှာလည်း တစ်စတစ်စ တိုးပွားလာပေသည်။ ထို့ကြောင့် Facebook သုံးစွဲသူများအနေဖြင့် မိမိတို့၏ Facebook Account ကို မသမာသူများ၏ တိုက်ခိုက်မှု မခံရလေအောင် စနစ်တကျ လုံခြုံစွာ အသုံးပြုသင့်ပေသည်။ သို့သော် ကံမကောင်း အကြောင်းမလှ၍ မိမိအသုံးပြုနေသော Facebook Account မှာ အားနည်းချက် ဖြစ်ပေါ်သွားပါက ပြန်လည်၍ ရယူနိုင်မည့် နည်းလမ်းများကို  အောက်တွင် ရေးသားဖော်ပြလိုက်ပါသည်။

ဖြေရှင်းနည်း (၁)
•    အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
•    အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
•    အဆင့် ၃။ I can’t identify my account ကို Click လုပ်ပါ။
•    အဆင့် ၄။ အောက်တွင် ဖော်ပြထားသော ဖောင်ပုံစံ တစ်ခု ကျလာလိမ့်မည်။

 http://s29.postimg.org/5225lrlbb/facebook_form.jpg

•    အဆင့် ၅။ ဖောင်တွင် သင့်အကြောင်း အသေးစိတ်ကို မှန်ကန်စွာ ဖြည့်ပါ။
•    အဆင့် ၆။ Submit လုပ်ပါ။
မကြာမီ သင့်ကို Facebook team မှ ဆက်သွယ်လာလိမ့်မည်။ သူတို့ဘက်မှ သင့်ရဲ့ Hacked ခံရသော Facebook account ကို ပြန်လည် ရယူပေးလိမ့်မည်။

ဖြေရှင်းနည်း(၂)
•    အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
•    အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
•    အဆင့် ၃။ သင်၏ Facebook Account အတွင်း အသုံးပြုခဲ့သော Email နှင့် Phone No. ကိုရိုက်ပါ။ (သို့မဟုတ်)   သင်၏ Facebook username (သို့မဟုတ်) သင်၏ Facebook Friend Name ကိုရိုက်ပါ။
•    အဆင့် ၄။ Search ကို ကလစ်နှိပ်ပါ။
•    အဆင့် ၅။ သင်၏ password အဟောင်းကို ရိုက်ထည့်ပါ။
•    အဆင့် ၆။ သင်၏  password မှန်ကန်ပါက login လုပ်လို့ရမည် ဖြစ်ပြီး ဆက်လက်၍ Continue ကိုနှိပ်ပါ။
•    အဆင့် ၇။ password အသစ်ကို ရိုက်ထည့်ပါ။
ထို့နောက် သင်သည် သင့် Facebook Account အတွင်းသို့ အောင်မြင်စွာ ၀င်ရောက် သွားနိုင်မည် ဖြစ်ပေသည်။

ဖြေရှင်းနည်း(၃)
•    အဆင့် ၁။ Facebook.com သို့သွားပါ။
•    အဆင့် ၂။ https://www.facebook.com/recover.php (သို့မဟုတ်) Forget Password ကို ကလစ်နှိပ်ပါ။
•    အဆင့် ၃။ မှန်ကန်သော အကြောင်းအရာ အသေးစိတ်ကို ဖြည့်ပါ။
•    အဆင့် ၄။ Phone No. နှင့် Email Address Box ကို Check လုပ်၍ Send Codes ကို ကလစ်နှိပ်ပါ။
•    အဆင့် ၅။ ထို Codes ကို သင့် Email Address (သို့မဟုတ်) သင့် ဖုန်း၏ SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပြီး ဆက်လက်၍ ‘Password Reset Code’ box တွင် ထို Codes များကို ဖြည့်စွက်ပါ။
•    ထို့နောက် ‘Submit Code’ button ကို ကလစ်နှိပ်ပါ။

အကယ်၍ သင်သည် Codes ကို an email, SMS or phone call မှ မိနစ် ၃၀ ကြာသည့်တိုင်အောင် မရရှိခဲ့လျှင် Help Center သို့သွားရောက်ပြီး လေ့လာပါ။

စာဖတ်သူများအနေဖြင့် အထက်ပါ ဖြေရှင်းနည်း ၃ မျိုးမှ ကြိုက်နှစ်သက်ရာ ၁မျိုးကို ရွေးချယ်၍ Facebook Account နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အခက်အခဲ ဖြစ်လာပါက အသုံးပြုနိုင်ရန် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

from(MMCERT)Myanmar Cyber Emengency Responce Team


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKT2iquzU1mBkPAxmyu8LQ3SVqdsx8xjvQfi5-C6eZ8XznKMuxZNttSijAnaSeH5TfjEwdrVUcCCkrULetSG8m-UTkP2uPKSU3lNPv4fNHmCfo2kkQZz3K9ogprjSCv2-pDymNQNoFAwMD/s292/index.jpeg
Beetalk လူထုအကောင့်တွင် follow လုပ်နိုင်ပါပြီ၊

 






ဟက်ကင်းသင်ခန်းစာများနှင့်မြန်မာဟက်ကာများရဲ့  cyber တိုက်ခိုက်မှုသတင်းများကို ဖုန်းကနေ offline ဖတ်ရှုနိုင်ရန် MM Hacking Story apk ကိုဖြန့်ချီပေးထားပါတယ် ၊ အောက်မှာဒေါင်းပါ၊

No comments :

Post a Comment