/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: ဖိုးဇင်- ဘုန်းကြီးကျောင်းသား(2015) Album

Wednesday, November 18, 2015

ဖိုးဇင်- ဘုန်းကြီးကျောင်းသား(2015) Album




'ရခိုင်ဒေသထွက်ကျောက်ရိုင်းတစ်ပွင့် (သို့) ဘုန်းကြီးကျောင်းသား "ဖိုးဇင်"
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတွေ တဖြည်းဖြည်းရှားပါးလာတဲ့ခေတ်ကြီးထဲမှာ သူမို့ တစ်ယောက်တည်းဝုန်းရဲတယ်။ Bandက Immortal နဲ့။ စီးရီးတိုင်တယ်က `ဘုန်းကြီးကျောင်းသား´ဆိုတဲ့အတိုင်း ဘုန်းကြီးကျောင်းမှာနေပြီး ဒီအခွေထွက်နိုင်အောင် ကြိုးစားခဲ့ရတာပါတဲ့။ ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သူ့အခွေကို အသက်ဆက်ခဲ့ရတယ်။
သီချင်းအရေးကောင်းသလို အဆိုလည်းကောင်းတယ်ဆိုတာ နားထောင်ကြည့်တာနဲ့ သိကြမှာပါ။ အပေါ့အလေး၊ အနှေးအမြန် တစ်လှည့်စီ စီထားပါတယ်။ အချစ်သီချင်းတွေချည်းပဲဆိုတော့ လူငယ်တွေ၊ ချစ်တတ်တဲ့လူပျိုကြီးတွေ ကြိုက်ကြမှာပါ။
၁။ ပထမဆုံးအဖွင့်က "အချစ်မီး"၊ အကြောင်းအရာက ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ရိုးရှင်းမှန်းသိသာပါတယ်။ ဒါပေမယ့် နားထောင်ကြည့်တော့မှ သံစဉ်လှပြီး စကားလုံးတွေစွဲဆောင်အားကြီးတာ သိရပါလိမ့်မယ်။
၂။ ဒုတိယအပုဒ်က အနှေးသီချင်း `ဘာမဆို´။ ဒါလည်း ပုံစံခွက်ထဲက အကြောင်းအရာပါပဲ။ ချစ်သူအတွက် ဘာမဆိုလိုက်လျောမယ်ဆိုတဲ့ ကောင်လေးတယောက်ရဲ့ခံစားချက် ♬ ♪ ရက်စက်ပါ မင်းလေးရဲ့သဘော၊ ပေးဆပ်တာ ငါရဲ့သဘော ခံနိုင်ရည်အမြဲရှိခဲ့တယ်။ ဘာမဆို မင်းလေးရဲ့သဘော♪ ♬
၃။ အနှေးပြီးတော့ အသွက်လာတယ် `မေစန္ဒာ´။ သူ့ရင်ထဲက `မေစန္ဒာ´ကို လှိုက်လှိုက်လှဲလှဲ အော်ခေါ်နေလေရဲ့။ မေစန္ဒာရယ်ကူကာ လမ်းပြပါဦးတဲ့...
၎။ `ဖြေရှင်းချက်´ ဒါလည်း အချစ်သီချင်းပဲ။ ကိုယ့်အပေါ်ရက်စက်သွားသူကို ဖြေရှင်းချက်ပေးပါလို့ တောင်းပန်သံနဲ့ သီဆိုထားပါတယ်။ အသည်းကွဲနေသူတွေအတွက် ကွက်တိကျမယ်ထင်ပါတယ်။
၅။ အနှေးပြီးတော့ အနှေးထပ်လာတယ်။ စိတ်ကူးထဲက ချစ်သူပုံရိပ်ပေါ့။ စာသား သံစဉ် ဘာမှကို ပြောစရာမလိုပါ။ ကိုယ်တောင် မိန်းမကို ဆိုပြရင် ကောင်းမလားလို့

။ ♪ ♪ စိတ်ဆိုးတောင် ချစ်ဖို့ကောင်းတယ် ကိုယ့်ချစ်သူလေးရေ...♬
၆။ ဖိုးဇင်ဟာ ချစ်တတ်တဲ့အသည်းကွဲသမား အဆွေးသမားပဲဖြစ်မယ်။ ဒီသီချင်းကလည်း ထားခဲ့သူကို `ယုံအောင်ပြော´ခိုင်းနေလေရဲ့... သီချင်းအမြူးလေးပါ။
၇။ `နောက်ထပ်မလာနဲ့´ဆိုမှတော့ အကြောင်းအရာကို သိလောက်မှာပါ။ အတီးကြမ်းကြမ်းနဲ့ နောက်ကဟာမိုနီတွေက အကောင်းဆုံးပံ့ပိုးပေးထားပါတယ်။
၈။ သီချင်းပုံစံ မိုက်တယ်။ ဆိုထားတာရယ် တီးထားတာတွေရယ် အကုန်ကောင်းပဲ... နာမည်က `မယုံချင်ဘူး´
၉။ ချစ်သူဆီက ချစ်ခြင်းမေတ္တာကို `မျှော်နေမယ်´။
၁၀။ နောက်ဆုံးတစ်ပုဒ် `စက်ရုပ်လိုလူ´။ ချစ်သူအတွက် ထားရာနေ စေရာသွားမယ့် စက်ရုပ်တစ်ရုပ်၊` ဘာမဆို´နဲ့ အကြောင်းအရာတူတယ်။ တင်ပြပုံတော့ မတူဘူး။
တစ်ယောက်တည်း ရေး ဆိုတာဖြစ်လို့ အကြောင်းအရာထပ်တယ်။ နောက်ခွေတွေမှာ တခြားအကြောင်းတွေလည်း ခံစားရေးဖွဲ့ပေးပါလို့ တိုက်တွန်းချင်တယ်။ သံစဉ်တွေလှတယ် သီဆိုပုံကောင်းတယ်။ အကုန်လုံးကို တစ်ခါတည်း နားထောင်ရင်တော့ အိုင်သွားနိုင်တယ်။ အဲ့ဒီတော့ ထပ်ကာထပ်ကာ ဖြတ်ဖြတ်ပြီး ခဏခဏနားဆင်ကြည့်ကြဖို့ အကြံပေးပါရစေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီအယ်လ်ဘမ်ကိုတွေ့ခဲ့ရင် ဝယ်ယူအားပေးကြဖို့ ပြောကြားရင်း.. .....


၀၁-အချစ်မီး
၀၂-ဘာမဆို 
၀၃-မေစန္ဒာ
၀၄- ဖြေရှင်းချက် 
၀၅-စိတ်ကူး
၀၆-ယုံအောင်ပြော 
၀၇-နောက်ထပ်မလာနဲ့ 
၀၈-မယုံချင်ဘူး 
၀၉-မျှော်နေမယ် 
၁၀-စက်ရုပ်လိုလူ 
တစ်ခွေလုံးလင့် 

Credit: Loudspeaker Aungmyolwin

       
 {အဆင်ပြေတယ်ဆိုရင် ကျေးဇူးပြု၍ ကြော်ငြာများကို ကလစ်ခဲ့ပါခင်ဗျာ}

အဆင်ပြေကြပါစေ။
-------------------
 လင်း(စွယ်စုံ)
  www.linmss.org
     ★★★★★★★★★  

No comments :

Post a Comment