/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2 ကို အလွယ်တကူ Root လုပ်ပြီးမြန်မာစာထည့်မယ်

Wednesday, February 18, 2015

Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2 ကို အလွယ်တကူ Root လုပ်ပြီးမြန်မာစာထည့်မယ်


Samsung Galaxy Note 3 SM-N9005
မင်္ဂလာပါ
ညီအကိုတစ်ယောက် တောင်းဆိုလာတဲ့
Note 3 နဲ့ မြန်မာစာ နည်းပညာလေးပါ
Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2
ဗားရှင်း ဖုန်းအားလုံးကို အလွယ်တကူ Root လုပ်ပြီး
မြန်မာစာထည့်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

Android Device ကိုစိတ်ဝင်စားပြီး
Root လုပ်နည်များကို လေ့လာလိုက်စားနေကြတဲ့
ညီအကိုတွေနဲ့ လေ့လာခါစ ဘော်ဒါတွေအတွက်
အထူး အထောက်အကူဖြစ်စေဖို့ရန်ကိုလည်း ရည်ရွယ်ပါတယ်ခင်ဗျား

လေ့လာခါစညီအကိုတွေကတော့ ကြိုးစားပြီး
လေ့လာစေချင်ပါတယ်၊ ကျနော်လည်း နောက်များ
Android & iOS Tutorial များကို အလင့်သင့်သလို
ပိုစ့်တိုင်းကို ကောင်းကောင်းရေးပြီး တင်ပေးသွားဖို့ရှိပါတယ်။

ကဲဗျာ Root လုပ်မရပဲ ခေါင်းမာနေတဲ့ Note 3 SM-N9005 ဗားရှင်း 4.4.2 ကို
Odin တွေကို အသုံးပြု ပြီး ဘယ်လို Root လုပ်ယူတယ်ဆိုတာကို
အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

၁။ ပထမဆုံး ကွန်ပျူ တာအတွက် Samsung USB Driver ကို
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ
ဖုန်းအမျိုးအစားအလိုက် ကိုက်ညီအောင် ဒေါင်းယူပါ။

Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ 

 ၂။ Root လုပ်ဖိုရန် Rooting Files ကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ၊

Click Here to Donwload Rooting File 

OR

Click Here to Download Rooting File 

၃။ ပြီးရင် ဒေါင်းလော့ရလာတဲ့ဖိုင်ကို
Extract files ဖြင့် ဖြေလိုက်ပါ။
၎။ ဖိုင်ကို ဖြေလိုက်တဲ့အခါ အောက်ပုံလေးအတိုင်း
Odin နဲ့ Root.tar file လေးကိုမြင်နေရပါမယ်။
၅။ ဖုန်းရဲ့ပါဝါကိုပိတ်လိုက်ပါ။
၆။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down KeyHome Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။
တကယ်လို့ မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာ
ဝင်လေ့လာကြည့်လိုက်ပါ။

Samsung Galaxy ဖုန်းတွေအတွက် အလွယ်တကူ Download Mode ၀င်နည်း 

၇။ ဒေါင်းလော့ရလာတဲ့ ဖိုင်ထဲမှာ Odin ကို ဖွင့်လိုက်ပါ။
ပြီးရင် ဖုန်းနဲ့ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။
 ၈။ Odin ကိုဖွင့်ပြီးလို့ ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်လိုက်တဲ့အခါ
အောက်ကပုံလေးအတိုင်း Odin မှာ Message လို့ပြီးနေပြီး
ID:COM နေရာမှာ အပြာရောင်လေး မြင်နေရရင်တော့ Odin က
မိမိဖုန်းကို သိနေပါပြီ အသင့်အနေအထားကို ရောက်နေပါပြီ။
၉။ Odin ကမိမိဖုန်းနဲ့ အချိတ်အဆက်မလို့အသင့်အနေအထား
ဖြစ်နေတဲ့အခါ Odin မှ PAD ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
၁၀။ ပြီးရင် စောနားက မိမိဒေါင်းလော့ရယူထားတဲ့ Rooting files ထဲမှ
CF-Auto-Root.tar ဆိုတာကို ရွေးပေးလိုက်ပါ။
 ၁၁။ Root.tar ဖိုင်ကို ရွေးပြီးလို့ အောက်ကပုံအတိုင်း
PAD နေရာမှာ Root.tar ဖိုင်လေးရောက်နေပြီးဆိုရင်တော့
Root လုပ်လို့ရနေပါပြီ၊ Start ဆိုတာကို နှိပ်လိုက်ပါ။
၁၂။ Start Button ကိုနှိပ်လိုက်ပြီးတဲ့အခါ ဖုန်းနဲ့ကွန်ပျူ တာ
ချိတ်ဆက်ထားတဲ့ USB ကြိုးစားကို ဖြုတ်မိတာမျိုးတော့
မလုပ်မိပါစေနဲ့ 30-50 စက္ကန့်လောက် စောင့်နေပေးလိုက်ပါ၊
Odin မှာ Pass ဆိုပြီး အစိမ်းရောင်လေးနဲ့ ပြနေပြီး၊ Message
 နေရာမှာလည်းအောင်မြင်ကြောင်း စာတန်းတွေပြပေးနေပါလိမ့်မယ်။
ပြီးရင် အောက်ကပုံအတိုင်း မြင်နေရရင်တော့ ဖုန်းက သူ့အလိုလို
Restart တစ်ကြိမ်ကျသွားပါလိမ့်မယ်။
၁၃။ ဖုန်းက Restart ကျပြီးလို့ ပြန်တက်လာတဲ့အခါ
ကွန်ပျူ တာနဲ့ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၄။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကိုဖြုတ်ပြီးတဲ့အခါ
မိမိဖုန်းလေးကို ကြည့်လိုက်ပါ အောက်ကပုံလေးအတိုင်း
မိမိဖုန်းမှာ SuperSu Apk လေး ရောက်နေပါလိမ့်မယ်။ အဲဒါဆိုရင်တော့
သင့်ဖုန်းမှာ Root Access ရရှိသွားပါပြီ။
 ၁၅။ Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းကြည့်လိုက်ပါ


Downlaod Here 

 မြန်မာစာအတွက်ကတော့ လွယ်ပါတယ်
ဖောင့်နဲ့ကီးဘုတ်အလွယ်ထည့်နည်းများကို
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ


မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments :

Post a Comment