

![]() | ![]() | ![]() | ![]() | ![]() |

မြန်မာdeveloper "Kyaw Zaw Naing" ရေးသား စမ်းသပ် ထားတဲ့ fezu ဆိုတဲ့ application လေးတစ်ခုဖြစ်
ပါတယ်။ စမ်းသပ် ဗားရှင်းဖြစ်ပါတယ်။


Zawgyi and uni font နှစ်မျိုးလုံး ထောက်ပံ့တဲ့ zawgyi and uni font charger apk လေးပါ။ အလုံးတိုင်းပြေ
မပြေ မသိသေးပါ။ install မောင်းရင် တက်လာတဲ့ စာမျက်နှာ၂ ခုကို သေချာဖတ်ပြီးမှ လုပ်သင့်/မလုပ်သင့်
ဆုံးဖြတ်ပါ။
- firmware ကျသွားနိုင် ပါတယ်။
- zawgyi လည်းတည့် uniလည်း တည့်ပါတယ်။
- မြန်မာwikipediaကို အေးဆေးသုံးနိုင်ပါပြီ။
- ပြီးတော့ browserပေါ် က zawgyi ရော uni ရောတည့်သွားပါပြီ။
Android မှာ Zawgyi ကော Unicode ကော အမှန်မြင်ရဖို့အတွက် fezu (Font Engine for Zawgyi and
Unicode) v1.0 (BETA) လေးနဲ့ ခြေလှမ်းစလိုက်ပါတယ်။ fepfz ကိုတော့ လောလောဆယ် v2.1 နဲ့ပဲ အ
ဆုံးသတ်လိုက်ပါပြီ။
fepfz က ရှိပြီးသား file ကို patch လုပ်ပေးတာပါ။ အခု fezu ကတော့ file တစ်ခုလုံးကို အစားထိုးလိုက်မှာ
ပါ။ brick ဖြစ်သွားနိုင်ချေ အရမ်းများပါတယ်။ ဒါကြောင့် ဒီစာကို ဆုံးအောင်ဖတ်ပြီး၊ backup လုပ်ပြီး သေချာ
ပြီဆိုမှ စမ်းသပ်ပါ။
(၁) contact တွေနဲ့ အပျက်မခံနိုင်တဲ့ data တွေကို backup လုပ်ပါ။ (ဖုန်းကို တစ်ခုခုကလိတော့မယ်ဆို
တိုင်း ဒါတွေလုပ်ဖို့ မမေ့ပါနဲ့။)
(၂) /system/lib/libharfbuzz.so ကို ဘေးကင်းတဲ့တစ်နေရာရာမှာ copy ကူးထားပါ။
(၃) custom recovery တစ်ခုခုလိုပါတယ်။ update.zip နဲ့ ပြန်သွင်းမှာမို့လို့ပါ။ကိုယ့်စက်နဲ့ ကိုက်ညီတဲ့ တစ်
ခုခုကို သွင်းထားပါ။bootloader unlock လုပ်ဖို့လည်းလိုကောင်းလိုပါလိမ့်မယ်။
(၄) ဒီ zip filehttp://d-h.st/Ddr လေးကိုသုံးပြီး update.zip လေးဖန်တီးပါ။
zip file ကိုဖွင့်ပြီး system/lib အောက်မှာ ခုနကကူးထားတဲ့ libharfbuzz.so ဖိုင်ရယ်၊ စမ်းသပ်ဖို့တခြား file
သေးသေး တစ်ခုရယ် ထည့်ပါ။
ဒါဆိုရင်အဲ့ဒီ zip file လေးသုံးပြီး recover ပြန်လုပ်လို့ရပါပြီ။
(၅) zip file လေး တကယ် အလုပ်လုပ်ရဲ့လားဆိုတာ စမ်းကြည့်ပါဦး။ recovery ထဲကိုဝင်ပါ။ system ကို
mount လုပ်ပါ။ zip လေးကို flash ကြည့်ပါ။ reboot ပြန်တက်လို့ခုနကစမ်းသပ်ဖို့ထည့်ထားတဲ့ file လေး
ကို /system/lib အောက်မှာ တွေ့တယ်ဆိုရင် အိုကေပါပြီ။တကယ်လို့ brick ဖြစ်သွားပြီဆိုရင်အဲဒီ zip file
လေးကိုပြန် flash ပေးလိုက်ပါ။
အပေါ်မှာရေးထားတာတွေကို နားလည်ပြီ၊ backup လုပ်ပြီးပြီဆိုရင် စမ်းသပ်လို့ရပါပြီ။
★DOWNLOAD ဆွဲရန်လင့်ခ်★
fezu ဟာ စက်ထဲမှာရှိပြီးသား Zawgyi Font ပေါ်မှာပဲ အခြေခံပြီး Unicode ကို မြင်ရဖို့ ကြိုးစားထားခြင်းပါ။
font အသစ် ထပ်မသွင်းပါ။ အခုမှ စမ်းသပ်ဆဲဖြစ်တဲ့အတွက် အမှားအယွင်းတွေ အများကြီးတွေ့ရပါလိမ့်
မယ်။ သည်းမခံနိုင်တော့ဘူးဆိုရင် zip file လေးကို ပြန် flash လိုက်ပါ။
လိုအပ်ချက်တွေ အများကြီးနဲ့ BETA Version တစ်ခုကို ချပြရတာက ...
(၁) ဘယ် device တွေမှာ brick ဖြစ်လဲဆိုတာ သိချင်လို့ပါ။
(၂) long term stability ကို သိချင်လို့ပါ။
(၃) perfect ဖြစ်မှ ချပြရမယ် ဆိုရင် ဘယ်တော့မှ ချပြရမှာ မဟုတ်တော့ လို့ပါ။ အခု version ကိုလည်း တော်
တော်နဲ့ update လုပ်နိုင် ဦးမှာ မဟုတ်သေးပါ။ Unicode ကိုယ်တိုင်က တော်တော် ရှုပ်ပါတယ်။ အဲဒါကို နည်း
မှန် လမ်းမှန် မဟုတ်ဘဲ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင် လုပ်ထားတာ မို့လို့ပါ။
brick ဖြစ်တဲ့ device တွေ၊ android version တွေနဲ့ အဆင်ပြေတဲ့ device တွေကို comment ပေးသွားကြပါ
ခင်ဗျ။ နောက်လူတွေလည်း သိရအောင်လို့ပါ။ beta tester အားလုံးကို ကျေးဇူးတင်ပါတယ်။
icon အတွက် ယူသုံးထားတဲ့ပုံနဲ့ update.zip အတွက်တို့ကိုလည်း သက်ဆိုင်သူများကို ဒီနေရာကနေပဲ credit
ပေးလိုက်ပါတယ်။
PS: စာလုံးတွေအဆင်မပြေတာတွေကိုတော့ comment မပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။ မဟုတ်ရင် noti
တက်လို့ ပြီးမှာ မဟုတ်တော့ လို့ပါ။
Ref;fb.com/fepfz
From : Pyae Phyo (MMiTD) by ကိုဇော် သွင်

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments :
Post a Comment