/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်

Thursday, October 30, 2014

Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်


Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်
မိမိကွန်ပျူတာမှာ Windows နှစ်ခုပေါ်နေတာမျိုး ကြုံဖူးကြမှာပါ။ ကိုယ်ကတစ်ခုတည်းပဲအသုံးပြုချင်တယ်။
ကွန်ပျူတာကို အသုံးပြုပြီးလို့ Restart ချလိုက်ရင် Windows နှစ်ခု ဖြစ်နေတော့ တစ်ခုကို အလိုလိုရွေးခိုင်းနေတဲ့ အဖြစ်မျိုးပါ။

Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows အသုံးမပြုလိုတဲ့ တစ်ခုကို အပြီးပိုင်ဖြုတ်ပြီး .. Boot တက်တဲ့ အချိန်ကျရင် Windows နှစ်ခု မရွေးခိုင်းပဲ အသုံးပြုလိုသော တစ်ခုတည်းကိုသာ အမြဲတမ်းအဖြစ် Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ်။

နည်းလမ်းကတော့ လွယ်ပါတယ်။ ဒါပေမယ့် မသိသေးတဲ့ ဘော်ဒါတွေလည်း
 အပြေသွားအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစစ် ရှင်းပြသွားပါမယ်။

အရင်ဆုံး Keyboard မှ Windows logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ။
ပြီးရင် Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါ။
ဒါဆိုရင် System Configuration Box လေး ကျလာပါလိမ့်မယ်။
အောက်ကပုံမှာ ပြထားတဲ့အတိုင်း Boot ကို သွားလိုက်ပြီဆိုရင် ကျွန်တော်တို့ တင်ထားတဲ့ Windows အမျိုးအစားတွေကို Boot Setting ထဲမှာ တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ တစ်ခုသိထားဖို့လိုတာကတော့ ကျွန်တော်တို့ ဖြုတ်လိုက်တဲ့ Windows က ဘယ် Partation ထဲမှာ ရှိတယ် ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။

ကျွန်တော် ဖြုတ်လိုက်တဲ့ Windows က Partation H:  ထဲမှာ တင်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်က H: ကို ရွေးပြီး Delete ပေးလိုက်ပါတယ်။
မိမိတို့ ဖြုတ်လိုက်တဲ့ Windows ကိုရွေးပြီး Delete ပေးပြီးသွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း Apply ကိုနှိပ်ပါ။ ပြီးတာနဲ့ OK ကိုထပ်နှိပ်ပေးလိုက်ယုံပါပဲ။
Apply ကိုနှိပ်ပြီးလို့ OK နှိပ်လိုက်တာနဲ့ တောင်းပါလိမ့်မယ် ချပေးလိုက်ပါ။
အပေါ်ကပုံအတိုင်း Restart ပေးပြီးသွားလို့ Windows ပြန်တက်လာပြီးရင်တော့ အရင်လို ဘယ် Windows ကိုရွေးချယ် မယ်ဆိုတာ မမေးတော့ပဲ တစ်ခါတည်း တန်းတက်လာမှာ ဖြစ်ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


No comments :

Post a Comment