ဗုဒ္ဓ၏သားတော် အရှင်ဝီရသူ အမည်ရတဲ့ သံဃာတော်တပါးဟာ
ရှေးနှစ်များစွာကတည်းက သံဃာအလုပ်လုပ်ပါတယ်။
ဘာသာသာသနာတည်တံ့ခိုင်မြဲစေရေးမှာလည်း
ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နေပြီး ကိုယ် ရဲ့ကိုးကွယ်ရာ
ဘာသာသာသနာကို ထိပါးစော်ကားခံနေရတာကို သိနေတာကြောင့်
သည်းခံတတ်လွန်းပြီး အလွန်ရိုးအလှတဲ့မြန်မာတွေ၊
ကိုယ်တိုင်ထိမှနာမှန်းသိတတ်တဲ့မြန်မာတွေ
ကောက်ရိုးမီးစိတ်ဓါတ်နဲ့မြန်မာတွေကို အသိပညာပေးတဲ့
လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။
ပညာရေးအတွက်လည်း “လောကအလင်း” ပညာဒါန ကျူရှင်
ကျောင်းကိုလည်း ဖွင့်လှစ်ပေးထားပြီး ၂၀၁၂- ၂၀၁၃ပညာသင်နှစ်မှာ
ဆိုယင် ကျောင်းသားကျောင်းသူ ၄၉ ဦးမှာ အစ္စလာမ်ဘာသာ
ကိုးကွယ်သူကလေးတဦးက ရူပဗေဒဂုဏ်ထူး၊ ခရစ်ယာန်ဘာသာဝင်
ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ကလေး ၁၅ဦး အောင်မြင်မူရရှိခဲ့
ပါတယ်။ ဆရာတော်ဟာ လူမျိုးဘာသာခွဲခြားခြင်းမရှိသော်လည်း
ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးကတော့
ဘာသာသာသနာကို ထိပါးလာနေသူတွေ ရှိနေတဲ့အတွက်သာ
ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာသာသနာ ကာကွယ်ရေးအတွက်
အသိပညာပေးခြင်းကိုတော့ ယခင်ကပင် သမားရိုးကျလုပ်ခဲ့ပါတယ်။
ဆရာတော်အပြင် အခြား အမျိုးဘာသာသာသနာကို ချစ်မြတ်နို်းပြီး
ကာကွယ်စောင့်ရှောက်စေချင်တဲ့ အသိအမြင်ကျယ်သူ
သံဃာ လူပုဂ္ဂိုလ်များလည်း ဟောကြားခဲ့တာပါပဲ။
မြန်မာတွေ ဘယ်လောက်သည်းခံမှု အားကောင်းသလည်းဆိုယင်
မြန်မာမလေးတွေကို ပညာရေးအဆင့်လိုက်ပြီး မိဘအဆင့်လိုက်ပြီး
ယူနိုင်ရင် ဗလီကထောက်ပံကြေးပေးမယ်ဆိုတာ
သတင်းတွေရအထောက်အထားတွေ ရတာတောင်
ရီမောနေနိုင်ကြတဲ့သူတွေပါ။
မြန်မာမအချို့ ဗုဒ္ဓဘုရားပုံတော်ကို ခြေနဲ့နင်းပြပြီးမှ
မွတ်ဆလင် ဇာတ်ကိုသွင်းခဲ့တာတွေ သိရလည်း
ဒီနေ့မကျေမနပ်ပြောပြီး မနက်ဖြန်ဆိုမေ့ထားခဲ့ကြတာပါ။
ဘာမှ ပဋိပက္ခမဖြစ်ခဲ့ကြပါဘူး။ မဖြစ်တော့ လူ့အခွင့်အရေးတွေ
လူအများစုလူနည်းစုတွေလည်း မအော်ကြပါဘူး။
ဆရာတော်ကလည်း ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်တာကိုယ်လုံဖို့
သတိပေးတာကလွဲလို့ ဘာမှရန်ရှာဖို့ မတိုက်တွန်းခဲ့ပါဘူး။
ဒါလုပ်သင့်ပါတယ်။ လုပ်ပိုင်ခွင့်ရှိပါတယ်။
ရှင်းနေတာက ဆရာတော် အရှင်ဝီရသူဟာ ယခု
ဗုဒ္ဓဘာသာနဲ့မွတ်ဆလင်ဘာသာရေးအသွင်ဖြစ်တယ်ဆိုတာမှာ
လှုံ့ဆော်သူမဟုတ်ခဲ့ဘူးဆိုတာပဲ။ ဘာကြောင့်လည်းဆိုတော့
ယခုဖြစ်ပွားလာတာတွေဟာ ဘင်္ဂလီကရခိုင်မှာပြဿနာစပြီး
နောက်ပိုင်း ဘာသာရေးနဲ့လူမျိုးရေးအသွင် ပြောင်းပစ်လိုက်တာက
စခဲ့တာမို့ပါ။ အချို့ပညာယှိပညာတတ်ကြီးများက
အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားပေါ်မှာပဲလိုက်ပြီး
သံဃာသံဃာအလုပ် လုပ်ပါ၊ လှူုအခွင့်အရေး ဘာသာရေးပြဿနာ
ဖန်တီးသူ အကြမ်းဖက်ဘင်လာဒင်နဲ့နှိုင်းသူနှိုင်း
အချစ်ဂျီဟတ်ပြောလိုပြော နောက်ဆုံး ဝီရသူ ဘာညာဆိုပြီးတောင်
ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြောလာကြတယ်။ အပြင်လူနဲ့
ကိုယ့်အိမ်သားပြဿနာဖြစ်တယ် ကိုယ့်အိမ်သားမှန်တယ်။
ဒါပေမယ့်သူများကို မပြောရဲတော့ ကိုယ့်လူကိုပဲ ပြန်ပြီး
အော်ငေါက်နေတဲ့သူတွေ လိုပဲခင်ဗျ။
ခဲပစ်တဲ့သူကို မလိုက်ပဲ ခဲနောက်လိုက်နေသလိုပဲ မြင်မိပါတယ်။
ပြောနေတာတချို့ကိုအရင်ရှင်းချင်ပါတယ်။
လူ့အခွင့်အရေးသမားကတော့ နေရာတိုင်း ဒါကြီးပဲကိုင်ပြောနေလို့
ရှုထောင့်အစုံကနေကြည့်မပြောတတ်တဲ့ ငါ့စကားနွားရသမားများ
ဖြစ်လို့ ချန်လိုက်ပါပြီ။ တချို့က ဘာသာရေးနဲ့တောင်ကိုင်ပေါက်
လိုက်သေး။ ငါက မဟာစည်ဆရာတော်ကြီး ကိုယ်တော်တိုင်
ဆံချပေးခဲ့ရတဲ့သူ၊ အရှင်ဝီရသူကို ဝီရသူခေါ်မယ်ပေါ့။
အချို့က ဘုရားလက်ထက်တော်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးက
ဘာသာခြားနဲ့ယူခဲ့တာ ဘုရားတောင်ဘာမှမပြောဘူးဆိုပဲ။
အဲဒီခေတ်က ဘာသာခြားဆိုတာ ဟိန္ဒူ၊
ဒါပေမယ့် ငါ့ဘာသာထဲဝင်ရမယ်အတင်းမခေါ်ဘူး။
ဒီကနေ့လို ဘာသာရေးနဲ့ ယှဉ်တဲ့အိမ်ထောင်ခန်းပြဿနာ မရှိဘူး။
ငါ့ဘာသာဝင်ရင်ဝင် မဟုတ်ရင် အကုန်သတ်မယ်ဆိုပြီး
ဓါးကြိမ်း ကြိမ်းတာမရှိဘူး။ ဘာသာဝါဒအယူပြိုင်ကြတာပဲရှိခဲ့တယ်။
နှစ်ပေါင်း ၅၀၀-၁၀၀၀ လောက်မှ အခြား ဘာသာကြီးတွေ
ပေါ်လာပြီး စစ်တိုက်သာသနာပြုတာတွေ ပေါ်ပေါက်လာခဲ့တာပဲ။
ကမ္ဘာကျော် TIME မဂ္ဂဇင်း ဟာ ဘာသာရေး အစွန်းရောက်မှု၊
ဘာသာရေး အကြမ်းဖက်လှုံဆော်မှုတွေ ကို ကမ္ဘာ့ပြည်သူတွေ
သိရှိအောင် ထုတ်ဝေရေးသားဖော်ပြလေ့ရှိတဲ့ ကမ္ဘာကျော်မဂ္ဂဇင်း
ကြီးတစောင်ဖြစ်တယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဝါဒဖြန့်မှုမှာ
အမေရိကန်ထောက်လှမ်းရေးခြေရာလက်ရာ ရှိတယ်ဆိုတာမမေ့ပါနဲ့။
ပြီးတော့ မွတ်ဆလင် အစွန်းရောက်ဆိုတာဖြစ်လာတာလည်း
အမေရိကန်ရဲ့စွပ်စွဲချက်နဲ့တိုက်ခိုက်မူတွေ တာဝန်မကင်းဘူး။
ဘင်လာဒင်နဲ့အယ်လ်ခိုင်းဒါးကို ဘာသာရေးအကြမ်းဖက်
ပြောချင်ရင် မှန်နိုင်မယ် လက်နက်ကိုင်ပြီး
ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးနေကြတာကိုး။
ဗုဒ္ဓဘာသာနဲ့ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေခဲ့တာတွေဟာ
အကြမ်းဘက်လှုံ့ဆော်မူကြောင့်မဟုတ်ဘူး။
လက်နက်ကိုင်ပြီးပစ်ခတ်တိုက်ခိုက်ပြီး မူဆလင်လူမျိုးတွေကို
ဖျောက်ဖျက်နေတာမဟုတ်ဘူး။ လုံးဝကွဲပြားတဲ့အခြေအနေပါ။
ဆရာတော် အရှင်ဝီရသူက လှုံ့ဆော်တိုက်တွန်းလို့ မဟုတ်ဘူး။
TIME မဂ္ဂဇင်းကို ဘုရားစင်ပေါ်သာတင်ထားပါလေ။
ဆရာတော် အရှင်ဝီရသူဟာ သံဃာစစ်စစ်ဖြစ်တာကြောင့်
ဓမ္မ န္တရာယ် သံဃာစိမ်ရေသင့်နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။
ပါရာဇိက ဟန်ဆောင်ဘုန်းကြီး မဟုတ်ပါဘူး။
အခု မျိုးစောင့်ဥပဒေဖြစ်ပေါ်လာရခြင်းရဲ့အခြေခံတခုဖြစ်တဲ့
ဗုဒ္ဓဘာသာနဲ့မူဆလင်ပဋ္ဋပက္ခဗုံး ပေါက်ကွဲသွားရခြင်း
အကြောင်းတရားကို ဗုံးတလုံးကိုနမူနာထားပြီး တင်ပြချင်ပါတယ်။
ဗုံးကိုယ်ထည် ကတော့ ပထမ BBC ကထုတ်လုပ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရှင်မဖြူကျွန်းအရေးပေါ်ပေါက်ကတည်းက
မြန်မာတပြည်လုံး အမျိုးနဲ့နိုင်ငံချစ်သူတိုင်း ရင်မှာဝမ်းပန်းတနဲ
ခံစားနေခဲ့ကြရတာပါ။ ဒါတောင် ရခိုင်သမိုင်းမဖတ်ဖူးတဲ့
ပညာယှိကြီး တယောက်က တရားရုံးမျှတကြောင်း၊
မြန်မာတွေပြောနေတဲ့ ရှင်မဖြူ ကျွန်းဆိုတာတောင် သူစိတ်အထင်
ယခုအငြင်းပွားနေတဲ့ကျွန်းမဟုတ်ပါဘူးတဲ့ခင်ဗျာ။
ဘီဘီစီကလည်း ရခိုင်ပြည်နယ်မြေပုံပေါ်မှာ
ဘင်္ဂလီလေးတွေဗလီတက်နေပုံနဲ့ တင်ထားခဲ့ပါတယ်။
ကမ္ဘာကျော်ဘီဘီစီကြီး မို့ အချို့ကထောက်ခံနေဦးမလား။
အဲဒီကတည်းက ဒေါသတွေအလိပ်လိုက်တက်နေပါပြီး။
မကြာပါဘူး ရခိုင်တိုင်းရင်းသူ မသီတာထွေးကို ဘင်္ဂလီသုံးဦးက
မုဒိန်းကျင့်လည်လှီးသတ်ဖြတ်ခဲ့တဲ့မူခင်း ပေါ်ထွက်လာပါတယ်။
ဒါလည်း အချို့ကတမင်ဖန်တီးတလိုပြောကြပါတယ်။
ကုလားလေးသုံးဦးကို မင်းတို့ မုဒိန်းသွားကျင့်ပြီးသတ်ခဲ့လို့
ခိုင်းခဲ့တယ်များထင်နေလား။ ပြီးတော့ ဒီလိုပြဿနာမျိုးတွေ
ရခိုင်လူမျိုးတွေ ခံစားခဲ့ရတာ ကြာလှပါပြီ။ မသီတာထွေးကျမှ
လူသိရှင်ကြားပေါ်လာတာပါ။ သတင်းစာမှာပါတဲ့ မူဆလင်လို့
သုံးနှုန်းခဲ့တာက သတင်းရေးတင်ရာမှာ ဒီလိုမူခင်းသတင်းကို
ဝန်ကြီးအဆင့်ထိမတင်ပါဘူး။ သတင်းအယ်ဒီတာလောက်ကသာ
ကိုင်တွယ်ပါတယ်။ သမားရိုးကျပါပဲ။
အဲဒီဒေသမှာ ရိုဟင်ဂျာလူမျိုးရယ် လို့ ဘယ်သူမှမသိဘူး။
ဘင်္ဂလီိဆိုတာတောင် ပြည်မနေသူတွေသိပ်မသိကြဘူး။
ဘင်္ဂလားကခိုးဝင်လာတဲ့ ကုလားလူမျိုးတွေလို့သာ သိကြတာပါ။
ဒါနိုင်ငံရေးသမားအချို့လည်း မသိကြပါဘူး။
ရောက်လည်း မရောက်ဘူးကြပါဘူး။
အဲဒီတော့ ရခိုင်တိုင်းရင်းသားနဲ့ဖြစ်တာ လူမျိုးမဖေါ်ပြနိုင်ပဲ
မူဆလင်လူမျိုးသုံးဦး ဆိုတာဖြစ်သွားပါတယ်။
အဲဒီမှာ ပြည်မကမူဆလင်တွေ ကန့်ကွက်ကြတော့တာပါပဲ။
ပြည်မကမူဆလင် တချို့လည်း ရခိုင်ပြည်နယ်ထဲသွားပြီး
ဒေါသရဲ့တုံ့ပြန်မူကိုခံစားသွားရတာလည်း ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ပြည်မကမူဆလင်အချို့ ဘင်္ဂလီများနဲ့
ဘာသာရေးစီးပွားရေးအဆက်အသွယ်ရှိနေပါတယ်။
ပြည်မကနေသူတွေသိထားတာက
ပြည်မကအိန္ဒိယသွေးပါသူများဟာ ဘိုးဘွားဘီဘင်များ
လက်ထက်က ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံသားတွေဆိုတာပါ။
ဘာသာကတော့ မူဆလင်ဟိန္ဒူစသဖြင့်။ ရခိုင်ပြည်နယ်ထဲက
ဘင်္ဂလီဆိုတာနဲ့ မူဆလင်ဘာသာတူတာကလွဲပြီး
လူမျိုးမတူဘူးဆိုတာလောက်ပါပဲ။ မောင်တောမှာ
ကုလသမဂ္ဂဝန်ထမ်းဘင်္ဂလီလူမျိုးပါဝင်တဲ့ ဘင်္ဂလီအုပ်စုကြီးက
ဒေသခံရခိုင်လူမျိုးတွေကို အကြမ်းဘက်တိုက်ခိုက်မူလုပ်ခဲ့ပါတယ်။
ဒီလို ရခိုင်လူမျိုးတွေ ရှေးကလည်းခံစားခဲ့ရဘူးပါတယ်။
အခုတော့ ရခိုင်လူမျိုးတွေကလည်း နေရာဒေသအနှံ့
တန်ပြန်ခဲ့ကြတာကြောင့် ရခိုင်-ဘင်္ဂလီအရေးအခင်းပေါ်ခဲ့တယ်။
အဲဒီမှာ ဇာတ်လမ်းစပါတယ်။
ဗုံးကိုယ်ထည်ထဲကို ပင် မ ယမ်းဖြည့်သွင်းပေးသူကတော့
ကုလသမဂ္ဂက လူ့အခွင့်အရေးတာဝန်ခံ မစ္စတာ ကင်တားနားပါပဲ။
သုတ်သီးသုတ်ပြာနဲ့ရောက်ချလာခဲ့တယ်။
တကမ္ဘာလုံး ကင်တားနား ဘာပြောမလဲစောင့်နားထောင်ခဲ့ကြတယ်။
ကင်တားနားဟာ ဘင်္ဂလီတွေဘက်က ရိုဟင်ဂျာမူဆလင်တွေက
မတရားအလုပ်ခံခဲ့ကြရသယောင် ပြဿနာကိုလှည့်လိုက်တယ်။
သူ့ကို မောင်တောမှာ ဆန္ဒအပြခံ ခဲ့ရတာကိုလည်း
နှစ်သက်ပုံမရသလို အငြိုးလည်းထားခဲ့ပုံရပါတယ်။
ကင်တားနားသတင်းစာရှင်းပြီးတာနဲ့ မူဆလင်နိုင်ငံတွေကလည်း
ငါးရံ့ပြာလူးပြကြတော့တယ်။
အဲဒါကင်တားနားရဲ့ပင်မယမ်းထဲထည့်လိုက်တဲ့
စံနက်တံဖြစ်ပါတယ်။ မလေးရှား တူရကီ OIC တို့
လာရောက်လေ့လာမယ် ထောက်ပံ့မယ်တွေ ဖြစ်လာခဲ့တယ်။
ပြည်တွင်းပြည်ပက ဘင်္ဂလီ တွေကလည်း အဲဒီမှာ
လူမျိုးရေးဘာသာရေးပုံစံပြောင်းပစ်လိုက်ကြတော့ပါပဲ။
ဒါတွေရဲ့တာဝန်ရှိသူနံပါတ် (၁)ဟာ မစ္စတာကင်တားနားပါပဲ။
အကြမ်းဖက်မူကိုစီစဉ်ညွန်ကြားခဲ့တဲ့သူက ကုလသမဂ္ဂဝန်ထမ်း
ဖြစ်နေတော့ မြန်မာပြည်ဥပဒေကိုဘေးဖယ်အမြန်လွှတ်ပါဆိုပြီး
ရာဇသံတောင်ပေးခဲ့သေးတာပဲ။အကယ်၍ကင်တားနားဟုတ်ပဲ
အခြားသမာသမတ်ရှိတဲ့ပုဂ္ဂိုလ်(သို့)မစ္စတာနမ်ဗီးယားဆိုလျင်
ပါးပါးနပ်နပ်ကိုင်တွယ်တတ်တာကြောင့် ဒီနေ့အခြေအနေထိ
မရောက်နိုင်ဘူးလို့ စာရေးသူတွေးထင်မိပါတယ်။
ဆက်ဆံရေးအရာရှိတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မူဟာ
အများကြီးစကားပြောပါတယ်။ ဒါတွေကိုပြည်မနေမြန်မာများ
အားလုံးဒေါသ ဖြစ်ခဲ့ကြရပါတယ်။
အစိုးရကခြေမကိုင်မလက်မကိုင်မိဖြစ်နေချိန် OIC ဟာ
မြန်မာပြည်သူ လူထုကလက်မခံတာကြောင့်
တပ်ခေါက်သွားခဲ့ရပါတယ်။ ဒါတောင် ဆီလိုအပေါက်ရှာဝင်ရအောင်
ချောင်းနေခဲ့ပါနေသးတယ်။ ဒီနေရာမှာအရှင်ဝီရသူဟာ
တာဝန်သိသိနဲ့ဝင်ပါခဲ့ရပါတယ်။
အဲဒီမှာ သတင်းလောကနဲ့ မူဆလင်လောက က ဆရာတော်ကို
အကြီးအကျယ်အမျက်ထွက်လာပါပြီ။ ဆက်ပြီး မြန်မာပြည်သူတွေ
မခံမရပ်နိုင်ဖြစ်စရာကတော့ ပြည်တွင်းနေအိန္ဒိယသွေးပါ
မူဆလင်များကပါ မူဆလင်ဆိုပြီးဘာသာရေးညာညှိလိုက်တာပါပဲ။
မြန်မာတွေက ဒီပြည်မနေမူဆလင်တွေဟာ ဘင်္ဂလီမဟုတ်ဘူး။
မြန်မာနိုင်ငံသားဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့လူမျိုးအပေါ်
သစ္စာစောင့်သိမယ်လို့ ယုံကြည်ထားခဲ့ ကြပါတယ်။
အခု ပြည်မနေမူဆလင်ပြောရေးဆိုခွင့်ရှိသူ
မူဆလင်ခေါင်းဆောင်ပိုင်းက ပြောတာဖြစ်တာမို့ အားလုံးကတော့
မူဆလင်အားလုံးရဲ့သဘောထားလိုပဲ မှတ်ယူကြရပါတယ်။
စုံစမ်းရေးကော်မရှင်မှာပါတဲ့ ပြည်မနေမူဆလင်ဘာသာဝင်
ပုဂ္ဂိုလ်နှစ်ဦးကိုတောင် ဘာသာရေးမျက်နှာနဲ့ မမှန်မကန်လုပ်နေလို့
ထုတ်ပစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကိုမြအေးတဦးတည်းသာ
လူမျိုးရေးဘာသာရေးအမြင်နဲ့မကြည့်ပဲ အမျိုးသားရေးအသွင်နဲ့
ကြည့်ပြီးဆောင်ရွက်ဖို့ နိုင်ငံတော်ကာကွယ်ဖို့ ပြောခဲ့ပါတယ်။
ကြားထဲမှာအားဖြည့်ယမ်း ထည့်ပေးနေသူတွေကတော့
သတင်းဌာနတွေပါပဲ။ ဘင်္ဂလီပြဿနာမှာ ပြည်မနေမူဆလင်
ပြောရေးဆိုခွင့် ရှိသူလို့ပြောရမယ့်သူတွေကို ထည့်ထည့်ပြီး
ဗျူးနေကြခြင်းပါပဲ။ အဲဒီသတင်းဌာနတွေဟာ မြန်မာပြည်သတင်းနဲ့
လုပ်စားနေကြရတာကြောင့် မြန်မာပြည်သတင်းအေးနေရင်
နေမထိထိုင်မထိ ဖြစ်နေကြရပြီး မြန်မာပြည်မှာယခုလို
လှုပ်လှုပ်ရွရွဖြစ်မှဝမ်းသာကြရတဲ့သူတွေပါ။
အဲဒီဗုံးကို တပ်ဆင်ပေးခြင်းပါပဲ။ အရှင်ဝီရသူကိုလည်း
သတင်းတင်ရဖို့အရေးအပြေးအလွှား ဦးခိုက်ကြရပါသေးတယ်။
ဆရာတော်ကိုလည်း လိုင်းပေါ်ဆွဲတင်နေတယ်ပြောချင်ရင်လည်း
မမှားပါဘူး။ ဆရာတော်အနေနဲကတော့ ပုံမှန်အလုပ်လုပ်နေခဲ့တာပါ။
စာရေးမယ် ကာကွယ်ရေးသတိရှိရေးဟောမယ်
တရားအလုပ်လုပ်မယ်။ ၉၆၉ ဆိုတာလည်း သာသနာကို
ကာကွယ်စောင့်ရှောက်ဖို့ပါ။
မူဆလင်နိုင်ငံတွေ မြန်မာနိုင်ငံကိုချောင်းမြောင်းနေ ပြီဆိုတာ
နားလည်ပြီး၊ ယခင်နဲ့ယခုဆရာတော့်ဆိင်္မှာရောက်ရှိဖြေရှင်းနေရတဲ့
မူဆလင်ဘာသာဝင်အချို့ မူခင်းပြဿနာတွေကြောင့်
စိုးရိမ်ကြောင့်ကြမူရှိတော်မူတဲ့အတွက် ၉၆၉ တရားဟောပါတယ်။
၉၆၉ဟာ ဆရာတော် အရှင်ဝီရသူတည်ထွင်တာ မဟုတ်ပါဘူး။
စတင်တာကြာပြီဖြစ်သလို ဘာသာရေးအထိမ်းအမှတ်တခုပါ။
ဒါကို သတင်းဌာနတွေက လေဖမ်းဒါန်းစီးပြီးဆရာတော်က
စတင်သယောင် လှုံ့ဆော်သယောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး
လေသံပစ်လာခဲ့ပါတယ်။ ဒီအထိ မူဆလင်နဲ့ဗုဒ္ဓဘာသာ
ဘာပြဿနာမှ မရှိသေးပါဘူး။
ဗုံးရဲ့ပင်ကိုဖြုတ်ပေးလိုက်တာကတော့မူဆလင်အချို့ ကိုယ်တိုင်ပါပဲ။
မိတ္ထီလာဈေးမူဆလင်ပိုင်ရွှေဆိုင်တခုမှာ ရွှေလာရောင်းတဲ့
မြန်မာတွေကို ဝိုင်းရိုက်ရာကစတာပါ။
နောက်တခုကလည်း ဆွမ်းခံကိုရင်ကလေးကို
မူဆလင်အမျိုးသမီးတိုက်မိပြီး သပိတ်ကျကွဲသွားတာကို
ချေငံပြေလည်စွာမပြောပဲ စကားကိုရိုင်းစိုင်းစွာစတင်ရာက
တုံ့ပြန်မူဖြစ်လာရတာပါ။ လားရှိုးဖြစ်စဉ် မှာလည်း
မူဆလင်အမျိုးသားတဦးက မြန်မာအမျိုးသမီးကိုဓါတ်ဆီလောင်း
မီးရှို့ရာက စတင်တာပါ။ ဘယ်မှာလည်း မြန်မာဗုဒ္ဓဘာသာဝင်တွေက
မူဆလင်တဦးတယောက်ကိုစတင်စော်ကားရိုက်နှက်တာ။
ဆရာတော်ဦးဝီရသူအနေနဲ့ ဖြစ်ပွားတဲ့နေရာတွေမှာလိုက်ပြီး
ကူညီပေးခဲ့တာပါ။ သတင်းဌာနတွေက အတင်းဗျူးပြီး
ဆရာတော်ကိုသွေးထိုးပေးနေသယောင် သံသယဖြစ်အောင်
တင်ဆက်ခဲ့ကြပါတယ်။ အချို့ ဆရာတော်အပေါ်
အမြင်စောင်းစပြုလာပါပြီး။
ငြိမ်းချမ်းရေးအတွက် မူဆလင်တွေလည်း
ဆရာတော်ဦးဝီရသူနဲ့ပဲ တွေ့ဆုံဆွေးနွေးနေတာတွေကလည်း
ဆရာတော်ရဲ့လှုံ့ဆော်မူကြောင့်ဆိုတာမျိုး ဖြစ်စေခဲ့ပါတယ်။
အဲဒီအချိန်မှာ မြန်မာဗုဒ္ဓဘာသာဝင်ပညာယှိကြီးများ
ဆရာတော်ကိုအရိုသေတန်အောင် ရေးသားလှုံ့ဆော်နေခဲ့ပြီး
ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပဲ ဗုဒ္ဓဘာသာကိုအကြမ်းဘက်
ဘာသာတခုအဖြစ် မြင်တော့မယ် ဆရာတော်ဘင်လာဒင်
ဖြစ်တော့မယ်ဆိုတဲ့ ရှေးပြေးနိမိတ်တွေပြခဲ့တာ ဒီရေးသူတွေပါပဲ။
ဆရာတော်က သူ့အလုပ်သူကောင်းစွာ လုပ်ကိုင်နေခဲ့တာပါပဲ။
ဘာမှပိုထူးပြီး လုပ်နေတာမဟုတ်ပါဘူး။
နောက်ဆုံးတော့ ယခု မျိုးစောင့်ဥပဒေဆိုတဲ့စာတမ်းကို
ဘာသာသာသနာကာကွယ်ရေးနဲ့ ပါတ်သက်နေတဲ့အတွက်
ဆွေးနွေးနေတာကိုသတင်းသမားများက ဖွလိုက်ပြန်ခဲ့ပါတယ်။
အမျိုးသမီးတဦးကို သတင်းလုပ်နိုင်ရေးအတွက်ဗျူးခဲ့ပြီး
အမျိုးသမီးကလည်းစာတမ်းမမြင်ဘူးသေးဘူး ကန့်ကွက်ပါတယ်
ဆိုတာကို အမျိုးသမီးအဖွဲ့ဆိုပြီး ပုံကြီးထပ်ချဲ့ပါတယ်။
အမှန်က မြန်မာအမျိုးသမီးတယောက်အနေနှဲု့
ဆရာတော်သံဃာတော်များကို သွားရောက်ပြီး
လျောက်ထားစုံစမ်းတာ အရင်လုပ်သင့်ပါလျက် စားပွဲဝိုင်း
ထိုင်ပြီးဆွေးနွေးပွဲလုပ် သတင်းထုတ်ပြန်နဲ့လုပ်နေတာဟာလည်း
မရိုးသားပါဘူး။ တနေ့ကလည်း နာမည်ကြီး BBC က
မွတ်ဆလင် ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှုတွေကြောင့်
ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်စေသလား ဆိုပြီး
ဆွေးနွေးဖလှယ်လုပ်ပါတယ်။
ခေါင်းစဉ်ကိုက ဦးဆောင်မေးခွန်းပေးပြီးသားပါ။
မူဆလင်ဘာသာမှ မဟုတ်ဘူး ဘယ်ဘာသာတရားကိုမဆို
ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားတာ မကောင်းမှန်း
ကလေးပင်သိပါတယ်။ သူပြောစေချင်တာက ဒါပါပဲ။
တကယ်ကတော့ မြန်မာပြည်တွင်း ဖြစ်နေတာဟာ
မူဆလင်ဆန့်ကျင်ရေးမဟုတ်ဘူး။
ဘင်္ဂလီရဲ့လှည့်ကွက်ထဲဝင်သွား ကြတာပါပဲ။
ဘာသာသာသနာကာကွယ်ရေး ပုံမှန်ဟောပြောမူလုပ်တာဟာ
မူဆလင်ဆန့်ကျင်ရေးနဲ့ ကွာခြားလှပါတယ်။
ဒါဟာလည်း တင်ပြခဲ့ပြီးတဲ့နောက်ခံအကြောင်းတွေကြောင့်
ဖြစ်လာရတဲ့အကျိုးပါပဲ။ ဘာသာရေးတွေအတူတကွ
အေးအေးချမ်းချမ်းနေထိုင်ခြင်းကိုတော့ စာရှည်မှာစိုး၍
မဆွေးနွေးတော့ပါဘူး။
အချုပ်အားဖြင့်ဆိုသော် မြန်မာတိုင်းရင်းသားတို့သည်
အချင်းချင်း ပြဿနာအတန်အသင့်ရှိကြ သော်လည်း
သူတို့ချင်းကွဲနေပြီ တို့အနေချောင်တယ်အချောင်နှိုက်မယ်ဆိုပြီး
ဝင်လာလို့မရဘူးဆိုတာကို သူတို့တတွေသဘောမပေါက်ကြပါဘူး။
လက်သဲထိရင်လက်ထိပ်နာပါတယ်။ ထပ်တူခံစားကြရပါတယ်။
မဆလခေတ်ကို ဘယ်လိုပင်အပြစ်ပြောစရာရှိပေမယ့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့တိုင်းရင်းသားများဆိုတာကို
ငယ်စဉ်ကျောင်းနေစဉ်ကပင် နားလည်အောင် သင်ကြားပေးထားပြီး
ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့နဲ့အတူ ပြည်မနေပြည်သူအားလုံး
နားလည်ခံစားတတ်ကြပါတယ်။ ဆရာတော်သံဃာတော်များကပင်
အေးအေးလူလူနေထိုင်နိုင်ခြင်းမရှိပါဘူး။ အရှင်ဝီရသူလည်းတပါး
အပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဆရာတော်ဦးဝီရသူဟာ
အကြမ်းဘက်ဖို့တိုက်တွန်းနှိုးဆော်တာ တခုမှ မလုပ်ခဲ့
မပြောခဲ့ဘူးပါဘူး။ သူလုပ်ရမယ့်အမူကိစ္စအရပ်ရပ်ကိုသာ
ပုံမှန်လုပ်ကိုင်နေတာဖြစ်ပါတယ်။ TIME က အမျိုးသမီးကသာ
ဆရာတော်ကိုအမေးတခြားအဖြေတခြားနဲ့ တပါတ်ရိုက်ခဲ့ပါတယ်။
ယခု မျိုးစောင့်ဥပဒေကိစ္စမှာ ဆရာတော်ကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး အပြစ်တွေတင် လူ့အခွင့်အရေးတွေ ပြော ဝိုင်းဝန်းအပုတ်ချနေကြတာဟာ သူ့အတွက်မကောင်းရေးဖို့ ဂွင်တဲ့သွားခဲ့တာပါ။ သူရေးသလို အဖြစ်မှန်ကတခြားဆိုတာကိုလည်း သူမသိနေပါတယ်။ သူတပါးကိုလိမ်လို့ရပေမယ့် သူမကိုသူမ လိမ်လို့ မရပါဘူး။ စေတနာအကျိုးပေးပါလိမ့်မယ်။ သူမရဲ့ရည်ရွယ်ချက်တခုကို တချိန်ချိန်မှာတော့ မြန်မာပြည်သူတွေ မလွဲမသွေတွေ့ကြရမှာပါ။ ဆရာတော်အရှင်ဝီရသူကတော့ အကြမ်းဘက်သမားမဟုတ်တဲ့ ဗုဒ္ဓရဲ့သားတော် သံဃာတပါးစစ်စစ်သာ ဖြစ်ပါတယ်။ အရောင်မဆိုးကြဖို့ ပန်ကြားလိုပါတယ်။
ဆရာတော်အရှင်ဝီရသူ သူ့အလုပ်သူပုံမှန်လုပ်နေ ပါလိမ့်မယ်။
ကိုကျော်ကျော်ခိုင်( ဆောင်းပါးရှင်)မှ
ဆရာတော်ဝီရသူအား လေးစားကြည်ညိုသောအားဖြင့်
ပြန်လည်မျှဝေပေးပါသည်။
မျိုးစောင့်သူ — with မာယာ ချိုချို and 20 others 82 Shares

No comments :
Post a Comment