/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Android ဖုန်း Setting ကို မြန်မာလို ဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

Friday, October 10, 2014

Android ဖုန်း Setting ကို မြန်မာလို ဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool


 Bookmark and Share ] [ ] [ ]

ဒီပိုစ့်လေးမှာတော့ Setting ကို မြန်မာလို ပြင်နည်းလေးပဲ ရေးလိုက်ပေမဲ့ သုံးတတ်ရင် သုံးတတ်သလို ကျန်တာတွေ
ပါပြင်လို့ ကလိလို့ ရပါတယ် ။

အရင်ဆုံး Download ကစပါမယ် :D

ပထမဆုံး ကတော့ ကိုယ့် ကွန်ပျူတာမှာ Java သွင်း ထားဖို့ လိုပါမယ် ။ မသွင်းရ သေးရင် အောက်မှာ ဒေါင်လုပ် လုပ်
ပြီး သွင်းပါ ။

Java အား ရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့ လိုပါတယ်။ Adb သွင်းကြရအောင် ... ။

ADV ဖိုင်​ ရယူရန်

၁။ ကွန်ပျူတာ ထဲမှာ Folder အသစ် တစ်ခု ဆောက်ပြီး Android လို့ နံမည်ပေးပါ။

၂။ ဒေါင်းလုပ်ဆွဲလို့ ရလာတဲ့ adb.zip ဖိုင်ကို ဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှ ဖိုင်တွေကို စောစောက အသစ်
လုပ် ထားတဲ့ Android ဖိုဒါထဲ ထည့်ပါ။

၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကို ရိုက်ပြီး Enter ခေါက်ပါ။

၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်း ရိုက်ပေးပါ။

>d:
cd \android
adb devices

( d ဆိုတဲ့ နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာ ထားရင် C လို့ ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။

မှတ်ချက်။ ။ကွန်ပျူတာ ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် Android SDK သွင်း ထားပြီးရင် Adb ထပ်သွင်း စရာ
မလိုတော့ပါဘူး။

အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ

ApkMulti
-toolရယူရန်


၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ
Script.bat ကို run ပါ

၂။ အပေါ်က ပုံ အတိုင်း ပေါ်လာရင် option 3 ကို ရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။
Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာ
ကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့
ပါဘူး)

၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်
ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app
ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)

၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။

၅။ ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်က ပုံအ
တိုင်း ပေါ်လာမှာပါ


၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 9 ကိုရွေးချယ်ပါ။ (9 လို့ရိုက်ပြီး Enter ခေါက်ပါ။)

၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွား
ပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။

ဒီကောင်ကို အရင် မပြင်ခင် trick လေး လုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်
ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ် လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်
မပြင်ခင် ပြန်ပေါင်းထုတ်ပေး လိုက်တဲ့ အတွက်ကြောင့် လိုအပ်တဲ့ ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက်
Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ (မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ်
solution လေးပါ:P)

၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆို
တဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။

၉။ အချိန် တစ်ခု ပြီးဆုံး သွားတဲ့ အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေး ပေါ်လာမှာပါ။ အဲဒီ
ကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please
make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။

၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.
apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။

၁၁။ ပြီးရင် စောစောက (အဆင့် ၇) Project ဖိုဒါထဲ ပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။

၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။

၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။

၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File
တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။

၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)

၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့
ရိုက်ပါ)

၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)

၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေ
ရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ


၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာ
မျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေ နေရာမှာပေါ့။ ပုံကို ကြည့်မယ် ဆိုရင် လောလော
ဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။

အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစား
ထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာ
ကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုး
မှာပါ။ အဲဒီ error မှာအစား ထိုးမယ် ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာ မရောက် မချင်း
နှိပ်သွား ရောက်ရင် replace ဆို တာကို နှိပ်ပါ။ (အစားထိုး မယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)

၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ
page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီ
နေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို rename
လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)

၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။

၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။

၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။

၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ”
place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsign
ed ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။

၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။

၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install
မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r–
ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်

CWM
flashable
zip ဒေါင်းရန်
7zip software ဒေါင်းရန်

၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။

၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။

၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk
လေးကို delete လုပ်ပါ။

၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်
လိုက်ရုံပါပဲ။

၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်
ရင် ပြီးပါပြီ။

နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲ
ဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။

credit http://www.myanmarmobileapp.com/?p=16261

Ref : ခင်မောင်ထူး နည်းပညာပြန်လည်မျှဝေရာ


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။


Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Android ဖုန်း Setting ကို မြန်မာလို ဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool http://www.simon-vlog.com/2014/10/android-setting-or-apk-multi-tool.html#ixzz3FlMLoVLk
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

No comments :

Post a Comment