/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: Windows 7 Ultimate SP1 + Mac OS X Edition 2013 (x86/x64)

Saturday, September 20, 2014

Windows 7 Ultimate SP1 + Mac OS X Edition 2013 (x86/x64)


Windows 7 Ultimate SP1 + Mac OS X Edition 2013 (x86/x64)


 ဒီဝင်းဒိုးကတော့ Windows 7 OS ကို Mac OS နဲ့ ပေါင်းစပ် ဖန်တီးပေးထားတဲ့ ဝင်းဒိုးအသစ်လေးပါ..။ အထိအတွေ့နဲ့ အမြင်အသစ်အဆန်းလေးမို့ အသုံးပြုရတာ တမျိုးတော့ လန်းနေပါတယ်..။ System အပိုင်းနဲ့ Settings တွေအားလုံးက Windows 7 ပါပဲ.. အမြင်တမျိုးပြောင်းပေးထားခြင်းသာ ဖြစ်ပါတယ်..။ ဒီဖိုင်ထဲမှာ 32-bit နဲ့ 64-bit ၂ခုကို ပေါင်းထည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 4.25 GB ရှိပါတယ်..။ 350 MB စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းနဲ့ ဖိုင်တွေ ခွဲတင်ပေးထားတဲ့ ကျနော်ဒေါင်းယူလို့ ရထားတဲ့ နိုင်ငံခြား ဝဘ်ဆိုဒ်တခုက ဒါရိုက်လင့်ကိုပဲ ပြန်ပြီး လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီဖိုင်တွေကို ဒေါင်းယူတဲ့ အခါမှာ အပိုင်း-၁ ပြီးမှ ၊ အပိုင်း-၂ ကိုဒေါင်းယူပါ..။ တချိန်ထဲမှာ အပိုင်း ၃၊၄ ခုကို ဒေါင်းမယ်ဆိုရင်တော့ ဒေါင်းယူလို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အပိုင်းတခုချင်းစီ ၊ တခုပြီးမှ နောက်တခု၊ ဒေါင်းယူမှ ဒေါင်းလော့အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ကျနော် ဝင်းဒိုးတင်လို့ ရတဲ့အဆင့်ထိရောက်အောင် တဆင့်ချင်းစီ ဖိုင်တွေပြန်ပေါင်းတာက စပြီး ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ DVD နဲ့ အခွေကူးထားချင်တဲ့သူများနဲ့ USB 8-GB နဲ့ အသုံးပြုချင်တဲ့ သူများအတွက်ပါ တခါတည်း လုပ်တတ်အောင် အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးဒီဇိုင်း အသစ်လေးကို လိုအပ်တဲ့သူများနဲ့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အောက်မှာ ဒေါင်းယူပြီး အသုံးပြုရအဆင်ပြေအောင် ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒေါင်းလော့လင့်တွေ တင်ပေးထားတဲ့ နေရာမှာ ဝင်းဒိုး Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ Windows 7 Loader နဲ့ USB ဖြင့်ဝင်းဒိုးတင်လို့ ရအောင် လုပ်ပေးနိုင်တဲ့ WinUSB Maker လေးတွေကိုပါ ဒေါင်းယူလို့ရအောင် လင့်တွေ ချိတ်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။
ဒီကောင်လေးကို Unlock Code ယူနည်း ပိုစ့်အတိုင်း ကုဒ်တွေကို ယူထည့်ပေးပြီးမှ ဒီဖိုင်ကို ဒေါင်းယူလို့ ရမှာ ဖြစ်ပါတယ်..။


ဒီအောက်က ပုံလေးကတော့ အပိုင်းအားလုံး ၁၃-ခုကို ဒေါင်းယူပြီးတဲ့ အခါ Folder အသစ်တခုထဲမှာ ထည့်ပြီး Part01 ကနေ Right Click >> Extract files.. ကို ကလစ်ပြီး ဖိုင်တွေကို ဖြည်ချလိုက်ပါတယ်..။ အပိုင်း-၁ ကို ဖြည်ချလိုက်တာနဲ့ ကျန်တဲ့ အပိုင်းတွေပါ လိုက်ပြည်သွားပါလိမ့်မယ်..။ ဒီအောက်က ပုံလေးတွေ အတိုင်းပါ..။






အပေါ်က ပုံအတိုင်း 14% နေရာမှာ 100% ပြည့်တဲ့အထိ စောင့်ပေးလိုက်ပါ..။ 100% ပြည့်သွားရင်တော့ အပေါ်ဆုံးမှာ မျှားပြထားတဲ့ နေရာက အတိုင်း ဖိုင်လေးကို ဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း ISO ဖိုင်လေး ရလာပါပြီ..။ DVD နဲ့ အခွေကူးမယ့် သူများကတော့ အောက်ကပုံအတိုင်း အဲ့ဒီဖိုင်လေးပေါ်မှာ Right Click >> Open with ကနေ Windows Disc Image Burner ကို ကလစ်ပြီး DVD အခွေသစ်ထည့်ပြီး အခွေကူးလို့ ရသွားပါပြီ..။






အပေါ်ကပုံမှာ ပြထားတဲ့ Burn ကို မနှိပ်ခင် DVD အခွေသစ် ထည့်ပြီးမှ အမှန်ခြစ်ပေးပြီး Burn ကိုနှိပ်ပါ..။ 
----------------------                -----------------------------------             --------------------   


အောက်ကပုံတွေကတော့ USB နဲ့ ဝင်းဒိုးတင်မယ့် သူများ ဒီအတိုင်း လုပ်ပေးလိုက်ပါ..။ Win USB Maker ကို ၂ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာရင် အောက်ကပုံလေးအတိုင်း တခုချင်းစီ လိုက်ပြောင်းပေးလိုက်ပါ..။ မျှားပြထားတဲ့ နေရာကတော့ မိမိတို့ ဖိုင်တွေ ပြန်ပေါင်းလိုက်လို့ ရလာတဲ့ ISO ဖိုင်ကို သွားရွေးပေးရမှာပါ..။ အောက်က ဒုတိယပုံအတိုင်းပါ..။ USB 8-GB ကို အရင်တပ်ထားဖို့ မမေ့ပါနဲ့..။ 




အားလုံး အဆင်သင့် ဖြစ်ရင်တော့ Make it Bootable စာသားကို တချက်ကလစ်ပေးလိုက်ပါ..။
 




အပေါ်ပုံအတိုင်း ပေါ်လာရင် Yes နှိပ်ပေးလိုက်ပါ..။ သတိပြုရမှာက အခုအသုံးပြုမယ့် USB ထဲမှာ Data တွေ ထည့်မထားဖို့ပါ..။ ဒီကောင်လေးက အားလုံးကို ဖျက်ပစ်ပြီးမှ ISO ဝင်းဒိုးဖိုင်ကို ထည့်ပေးပါလိမ့်မယ်..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေပါပြီ..။ မိနစ်-၄၀ လောက်ကြာမှာ ဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်ပါ..။




အပေါ်က အဆင့်နေရာမှာ ကြာနေမှာ ဖြစ်ပြီး အောက်ကပုံအတိုင်း Done နဲ့ Success စာသားပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဒါဆိုရင် ဒီ USB လေးနဲ့ ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



 ဝင်းဒိုးတင်တာကတော့ ခါတိုင်းနဲ့ အတူတူပါပဲ..။ ဝင်းဒိုးမတင်တတ်သေးတဲ့ သူများကတော့ ဝင်းဒိုးတင်နည်း လေ့ကျင့်ခန်း ပိုစ့်ကို ကြည့်ပြီး လုပ်နိုင်ပါတယ်..။
---------------------------------------------------------------------------------------------------------


ဒီအောက်က ပုံလေးတွေကတော့ ဒီဝင်းဒိုးကို ကျနော် တင်ပြီးတဲ့ အခါမှာ မြင်တွေ့ရတဲ့ ပုံလေးတွေပါ..။


ဝင်းဒိုးတင်ပြီးသွားရင်တော့ Apple OS တွေ အတိုင်း အောက်ကပုံလိုမျိုး မြင်တွေ့ ရမှာပါ..။ ဒါကတော့ ကျနော့်စက်အသေးလေး တလုံးနဲ့ စမ်းထားတဲ့ ပုံလေးတွေပါ..။ Apple OS ရဲ့ Wallpaper လေးတွေကို Windows 7 အတိုင်း အထဲမှာ ဝင်ပြောင်းယူလို့ ရပါတယ်..။ ကျနော်က Apple OS နဲ့ ပိုတူအောင် Taskbar ကို အပေါ်ကို ပြောင်းတင်ထားတာပါ..။ အောက်ကပုံလေးတွေကတော့ ဒီဝင်းဒိုးထဲမှာ ပါတဲ့ အမြင် အသစ်အဆန်းလေးတွေပါ...။ အသုံးပြုလိုတဲ့သူများကတော့ လင့်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။












No comments :

Post a Comment