/* The CSS Code for the menu starts here s2free.blogspot.com */ sawpupu ausong: ဖုန်း နံပါတ် မလိုပဲ Facebook ကို 100% အလွယ် ဖွင့်နည်း

Monday, September 22, 2014

ဖုန်း နံပါတ် မလိုပဲ Facebook ကို 100% အလွယ် ဖွင့်နည်း


ဒီနည်းလေး ကတော့ Android ဖုန်း တစ်လုံး ရှိရုံနဲ့ အကောင့် လွယ်လွယ် ဖွင့်လို့ ရပါတယ်၊ တကယ်လည်း
ဖုန်း နံပါတ် မတောင်း ပါဘူး။ တစ်ဆင့်ချင်း ရှင်းပြ ပါမယ်။ စိတ်ရှည်ဖို့ တော့ လိုမယ်နော်။

လိုအပ်တဲ့ apk ကို အောက်မှာ ဒေါင်းယူ လိုက်ပါ။

firedrive
usersfiles

အခု ဖွင့်မဲ့ နည်းက gmail နဲ့ ဟုတ်ဘူးနော်။ ဒါကြောင့် mail အသစ်လုပ်ဖို့ apk ဒေါင်းယူ ခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်း နံပါတ် တောင်းလိမ့်မယ်။

ကဲ…..စကြစို့နော်...။

၁။ အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ ကျွန်တော်တို့ က Mail အသစ်လုပ်မှာ မို့လို့ Sign Up ကို ရွေးပါ။


၃။ First Name…….စတာတွေ ဖြည့်ပေး လိုက်ပါ။ New E-Mail မှာ ကိုယ်လို ချင်တဲ့ လိပ်စာ ထည့်ပါ။
@mail.ru ကိုနှိပ်လိုက်ပါ။ အဲ့ဒီ ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည် ရွေးလို့ ရပါတယ်။ ကျွန်တော်
ကတော့ @mail.ru ကိုပဲ ယူလိုက်ပါပြီ။ ( အောက်နားလေးက I agree ဘာညာ ဘာညာ ဆိုကို အမှန်
ခြစ်ပေးလိုက်ပါ)။

ပီးရင် Next ကိုနှိပ်ပါ။


၎။ နောက် တစ်ဆင့်မှာ Ph no တောင်းပါ လိမ့်မယ်။ ကျွန်တော်တို့ က ဖုန်း နံပါတ်ကို မထည့်ဘူး ဆိုတဲ့
အတွက် “I don’t have cell phone” ကို ရွေးပါမယ်။


၅။ ပြီးရင် Security Question ကို ထည့်ခိုင်း ပါလိမ့်မယ်။ အဆင်ပြေရာ ထည့်ပါ။ မှတ်တော့ မှတ်ထား
ဦးနော်။ သူ့ ပုံမှာပေး ထားတဲ့ code လေးကို မှန်အောင် ရိုက်ပေး လိုက်ပါ။ ပြီးရင် DONE ကိုနှိပ်ပါ။


၆။ ဒါဆိုရင် mail အသစ် လုပ်တာ ပြီးပါပြီ။ Facebook မဖွင့်ခင် အခုဖွင့် ထားတဲ့ mail အကောင့်ကို ပြန်
ဝင် ထားပါ။


၇။ နောက် တစ်ဆင့် ကတော့ Facebook အကောင့် ဖွင့်ဖို့ ပဲ ကျန်တော့တယ်။ ကဲ…….Facebook app
ထဲဝင် လိုက်ပါ။ အသစ် လုပ်မှာဖြစ်တဲ့ အတွက် Sign Up ကိုရွေးပါ။


၈။ နာမည် ထည့်ခိုင်း ပါလိမ့်မယ်။ ကိုယ်သုံး ချင်တဲ့ နာမည် ထည့်ပေး လိုက်ပါ။ ပီးရင် Continue ပေါ့။


၉။ Password ပေးလိုက်ပါ။

၁၀။ ပြီးရင် Profile ပုံတို့ ၊ကျောင်းတို့ နေရပ် လိပ်စာတို့ ထည့်ပေး လိုက်ပါ။

၁၁။ ဒီလို အ၀ိုင်းလေးလည် ပြီးလို့ ကိုယ့်ဖေ့ဘွတ်လေး ပွင့်သွားရင်တော့ FB အကောင့် လုပ်တာ 80%
လောက်တော့ပြီးပါပြီ။


၁၂။ပြီးရင် Mail ထဲကို FB က Code ပို့ထား ပါလိမ့်မယ်။ အဲ့ဒီထဲ ၀င်လိုက်ပါ။ Confirm Your Account
ကိုနှိပ်ပါ။ ပီးရင် Facebook app ကို ရွေးပေး လိုက်ပါ။ ဒါဆို account confirm လုပ်တာ ပြီး သွားပြီဖြစ်
တဲ့ အတွက် Facebook Account ကို ဖုန်းနံပါတ် မလိုပဲ ၁၀၀% ဖွင့်တာ ပြီးဆုံး သွားပါပြီ။

အခုကျွန်တော် သုံးနေတဲ့ ထိတော့ ဘာဖုန်း နံပါတ်မှ မတောင်းသေးပါဘူး။ စိတ်ချတာဖွင့်ပါ။

အဆင်ပြေပါစေ။

Credit : Mr.Fone Telecom Center



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments :

Post a Comment